#Local_News
Published _ 22 September 2022

 

တောင်ကိုရီးယား အလုပ်အကိုင် အရည်အချင်းစစ်စာမေးပွဲ (EPS-Topik)ကို လာမည့် စက်တင်ဘာ၂၉ ရက်တွင် စတင်ကျင်းပသွားမည်ဖြစ်ကြောင်း အစိုးရပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA)မှ ထုတ်ပြန်ထားသည်။

 

ထုတ်ပြန်ချက်တွင် စာမေးပွဲများကို စိုက်ပျိုးရေးနှင့်မွေးမြူရေးလုပ်ငန်းများအတွက် စက်တင်ဘာ ၂၉ ရက်မှ အောက် တိုဘာ ၂၇ ရက်အထိ၊ ကုန်ထုတ်လုပ်ငန်း ပထမအသုတ်အတွက် အောက်တိုဘာ ၃၁ ရက်မှ ဒီဇင်ဘာ ၂၉ ရက်အထိ၊ ကုန်ထုတ်လုပ်ငန်း ဒုတိယအသုတ်အတွက် ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၃ ရက်မှ ဧပြီ ၃ ရက်အထိနှင့် ဆောက်လုပ်ရေးလုပ်ငန်းအတွက် ၂၀၂၃ ခုနှစ် ဧပြီ ၁၇ ရက်မှ မေ ၁၅ ရက်အထိ သတ်မှတ်ထားကြောင်း သိရသည်။

 

စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများအတွက် ဖြေဆိုရမည့်အချိန်နှင့် ခုံအမှတ်တိုကို ကြေညာသွားမည်ဖြစ်ပြီး ကုန်ထုတ်လုပ်ငန်း ပထမအသုတ်၊ ကုန်ထုတ်လုပ်ငန်း ဒုတိယအသုတ်နှင့် ဆောက်လုပ်ရေးလုပ်ငန်းတို၏ ကျင်းပမည့်နေ့ရက်များ အပြောင်းအလဲရှိနိုင်ကြောင်း သိရသည်။

 

မူလက စာမေးပွဲများကို ကုန်ထုတ်နှင့် ဆောက်လုပ်ရေးလုပ်သားများအတွက် ဩဂုတ်လ ၁၆ ရက်မှ အောက်တိုဘာလ ၁၅ ရက်အထိ စစ်ဆေးရန် ကြေညာခဲ့ပြီးနောက် စာမေးပွဲဖြေဆိုမည့်သူ များပြားနေခြင်းကြောင့် စိစစ်နေသည့်အတွက် သတ်မှတ်ရက်အတွင်း ကျင်းပနိုင်ခြင်း မရှိခဲ့ဘဲ ကြန့်ကြာနေခဲ့ကြောင်း ယခုနှစ် ဇူလိုင်လအတွင်း စာမေးပွဲကိုဖြေဆိုရန် လျှောက်ထားခဲ့ကြရာ လျှောက်ထားသူဦးရေမှာလည်း ၃၇၀၀၀ကျော်အထိ ရှိခဲ့ကြောင်း သိရသည်။

 

တောင်ကိုရီးယား အလုပ်အကိုင်စာမေးပွဲ အောင်မြင်သူတိုင်း တောင်ကိုရီးယားနိုင်ငံတွင် သွားရောက်အလုပ်လုပ်ကိုင်ရမည်မဟုတ်ဘဲ အလုပ်ရှင်၏ စိတ်ကြိုက်ရွေးချယ်ခံရသူများသာ သွားရောက်အလုပ်လုပ်ကိုင်ခွင့်ရမည်ဖြစ်ကြောင်းလည်း POEA မှ ထုတ်ပြန်ထားရှိသည်။

 

#ymg/NN
#Yangon_Media_Group