#Local_News
Published _13 September 2022

 

ချက်နိုင်ငံတွင် ပြုလုပ်သည့် ရုပ်ရှင်ပွဲတော်၌ မြန်မာနိုင်ငံမှ “The Great Myanmar” ရုပ်ရှင်ဇတ်ကားကို ပါဝင်ပြသခဲ့ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်သည်။

 

ချက်နိုင်ငံတွင် ရုံးစိုက်သော အာဆီယံနိုင်ငံများဖြစ်သော မြန်မာ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ဖိလစ်ပိုင်၊ ထိုင်း၊ ဗီယက်နမ် ၆ နိုင်ငံနှင့် တရုတ်၊ ဂျပန်၊ ကိုရီးယား သံရုံး ၊ ပရာ့ဂ်မြို့တော် စာကြည့်တိုက်တို့ပူးပေါင်းကျင်းပသော ASEAN+3 Film Festival 2022 တွင် အဆိုပါ “The Great Myanmar” ရုပ်ရှင်ဇတ်ကားကို စက်တင်ဘာလ ၉ ရက်တွင် ပါဝင်ပြသခဲ့ရာ ပရာ့ဂ်မြို့ရှိ သံတမန်အသိုင်းအဝိုင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် ချက်ပြည်သူများ လာရောက်ကြည့်ရှုကြကြောင်း သိရသည်။

 

ယင်းရုပ်ရှင်ပွဲတော်ကို စက်တင်ဘာလ ၁ ရက်က ဖွင့်လှစ်ခဲ့ရာ မြန်မာသံရုံးယာယီ တာဝန်ခံ ဒေါက်တာဘုန်းလင်းကြိုင်၊ အာဆီယံသံရုံးများနှင့် ASEAN+3 နိုင်ငံများမှ သံရုံးအကြီးအကဲများ တက်ရောက်၍ အဖွင့်အမှာစကားပြောကြားခဲ့ကြကြောင်း၊ ASEAN+3 Film Festival 2022 သို့ ပရာ့ဂ်မြို့တွင် အခြေပြုသောသံအမတ်ကြီးများ၊ သံတမန်များနှင့် ချက်ပြည်သူများတက်ရောက်ခဲ့ကြပြီး ချက်နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီး မာတင်တလာပါက ဧည့်သည်တော်အဖြစ် တက်ရောက်ခဲ့ကြောင်းလည်း သိရသည်။

#ymg/mt
#Yangon_Media_Group