#Local_News
Published-13 Setember 2022

 

ယနေ့ စက်တင်ဘာလ ၁၃ ရက်နေ့တွင် ပြည်တွင်းစက်သုံးဆီဈေးနှုန်းမှာ တစ်လီတာ ကျပ် ၅၀၊ ဒီဇယ်တစ်လီတာ ကျပ် ၃၀ ခန့် ပြန်တက်လာကြောင်း စက်သုံးဆီအရောင်းဆိုင်များ၏ ဈေးနှုန်းများအရ သိရသည်။

 

စက်တင်ဘာလ ၁၂ ရက်နေ့တွင် 92 တစ်လီတာ ၂၃၆၅ ကျပ်၊ 95 တစ်လီတာ ၂၄၇၀ ကျပ်၊ ဒီဇယ်တစ်လီတာကို ၂၉၉၀ ကျပ်နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၃၀၇၅ ကျပ် ရှိခဲ့ရာမှ ယနေ့တွင် 92 တစ်လီတာ ၂၄၂၀ ကျပ်၊ 95 တစ်လီတာ ၂၅၂၀ ကျပ်၊ ဒီဇယ်တစ်လီတာ ၃၀၂၀ ကျပ် နှင့် ပရီမီယံဒီဇယ်တစ်လီတာကို ၃၁၀၅ ကျပ် မြင့်တက်ခဲ့ကြောင်း သိရသည်။

 

ရန်ကုန်၊ မန္တလေးအပါအဝင် နေပြည်တော်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ရည်ညွှန်းလက်လီဈေးနှုန်းဖြင့် ရောင်းချပေးနေကြောင်း စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်းကြီးကြပ်မှုကော်မတီမှ သိရသည်။

 

ယင်းအပြင် စက်သုံးဆီဈေးနှုန်းမှာ အတက်အကျမမှန်သည့်အတွက် အဓိက အငှားယာဉ်မောင်းများအနေဖြင့် အခက်အခဲများရှိနေပြီး ပြေးဆွဲမှုကို ရပ်နားထားရကြောင်းလည်း သိရသည်။

 

“စက်သုံးဆီဈေးနှုန်းတွေက တက်လိုက် ကျလိုက်နဲ့ မမှန်ဘူး။ ဈေးတက်တာက များနေတယ်။ ဈေးကျတော့လည်း အရမ်းကြီးမကျသွားဘူး။ အဲဒီတော့ ကားမောင်းရတာ ဘယ်လိုမှ အဆင်မပြေဘူး။ ခရီးသည်တွေကလည်း ကားခဈေးတက်တော့ မစီးကြတော့ဘူး။ ဒါကြောင့် တက္ကစီမောင်းတာကို ခဏရပ်ရပ်နားထားလိုက်ရတယ်”ဟု အငှားယာဉ်မောင်းတစ်ဦးက ပြောသည်။

 

#Ymg/STH
#Yangon_Media_Group