Published 11 Sept 2022

မြန်မာနိုင်ငံနှင့် ရုရှားဖက်ဒရေးနိုင်ငံ Republic of Buryatia ပြည်နယ်တို့အကြား ကျန်းမာရေး၊ သတ္တုတူးဖော်ရေး ၊ရထားပို့ဆောင်ရေးနည်းပညာများပူးပေါင်းဆောင်ရွက်ဖို့ ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။

ရုရှားဖက်ဒရေးရှင်းကို ရောက်ရှိနေတဲ့ နစက ဥက္ကဋ္ဌ ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်နှင့် Republic of Buryatia ပြည်နယ် အစိုးရအဖွဲ့အကြီးအကဲ Aleksey Sambuyevich Tsydenov တို့ စက်တင်ဘာ ၉ရက်က  အဆိုပါပြည်နယ်မှာ ဆွေးနွေးခဲ့ကြ တာဖြစ်တယ်လို့ နစကပြန်ကြားရေးသတင်းထုတ်ပြန်ချက်ကဆိုပါတယ်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် အဏုမြူနည်းပညာအသုံးပြု၍ ရောဂါရှာဖွေစမ်းသပ်နိုင်မှုနှင့် ရှာဖွေတွေ့ရှိလာသည့် ရောဂါများကို ခေတ်မီနည်းပညာများ အသုံးပြု၍ ကုသမှုများ ဆောင်ရွက်ပေးနိုင်သည့် အခြေအနေများအပါအဝင် ကျန်းမာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများကို ဆေးပညာရှင်အချင်းချင်း၊ ဆေးရုံများအချင်းချင်း အပြန်အလှန် ဖလှယ်ဆောင်ရွက်နိုင်မည့် အခြေအနေများ၊ သဘာဝသယံဇာတ တွင်းထွက်ပစ္စည်းများ တူးဖော်မှုဆိုင်ရာ နည်းပညာရပ်များကို ရှာဖွေထုတ်လုပ်ရာတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများ၊ ရထားသယ်ယူပို့ဆောင်ရေးဆိုင်ရာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လျှပ်စစ်စွမ်းအင်သုံး ခေါင်းတွဲများ၊ ဒီဇယ်ခေါင်းတွဲများ၊ ဓာတ်ငွေ့သုံး ခေါင်းတွဲများ၊ ကိုယ်ထည်တွဲများ ထုတ်လုပ်ခြင်းနည်းပညာဆိုင်ရာများ၊ မောင်းနှင်ခုတ်မောင်းမှုဆိုင်ရာ နည်းပညာများ၊ မီးရထားနှင့် ဆက်စပ်သည့် လုပ်ငန်းဆိုင်ရာများတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် အခြားကဏ္ဍပေါင်းစုံတွင် ပူးပေါင်းဆောင်ရွက်နိုင်မည့် အခြေအနေများနှင့် ပတ်သက်၍ ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြတယ်လို့ သတင်းမှာ အသေးစိတ်ဖော်ပြထားပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် မြန်မာအဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ဝင်တွေဟာ  Republic of Buryatia ပြည်နယ်အစိုးရအဖွဲ့အကြီးအကဲ Aleksey Sambuyevich Tsydenov နှင့် အဖွဲ့ဝင်တွေလိုက်ပါပြီး စက်တင်ဘာ (၁၀)ရက် နံနက်ပိုင်းတွင် Ulan-Ude မြို့ရှိ ရုရှားသိပ္ပံအကယ်ဒမီ၊ နျူကလီးယား ဆေးဘက်ဆိုင်ရာစင်တာ၊ ကင်ဆာဌာနနှင့် ရထားစက်ခေါင်း ပြင်ဆင်ရေးအလုပ်ရုံတို့သို့ သွားရောက်ကြည့်ရှု လေ့လာခဲ့ကြတယ်လို့လည်း သတင်းထုတ်ပြန်ထားပါတယ်။

Source SAC’s Infomation