#Local_News
Published - 7 September 2022

 

နိုင်ငံခြားငွေ ငွေလဲနှုန်း တည်ငြိမ်အောင်အထူးကြိုးစားနေပြီး ပို့ကုန်လိုင်စင်သက်တမ်းများကိုလည်း ပြန်လည်ဖြေလျှော့ပေးသွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။

 

ကုန်သည်/စက်မှုအသင်းချုပ် (UMFCCI) နှင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) မှတာဝန်ရှိသူများနှင့် တွေ့ဆုံစဥ်ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

 

အစည်းအဝေးတွင် ကုန်သွယ်ရေးကဏ္ဍ၌ ချမှတ်ထားသည့် ကန့်သတ်ချက်များကို ဖြေလျှော့မှုများ လုပ်ပေးမည်ဟု ပြောဆိုခဲ့ပြီး လက်ရှိ သတ်မှတ်ထားသည့် ပို့ကုန်လိုင်စင်သက်တမ်းကာလ (၁)လကနေ မူလအတိုင်း ပြန်တိုးပေးမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

ယင်းအပြင် IT နည်းပညာနှင့် ပတ်သက်သည့်လိုင်စင်ကိစ္စများကိုလည်း လွယ်ကူအောင် ဆောင်ရွက်ပေးမည်ဖြစ်ပြီး ခွဲတမ်း (Quota)စနစ်နှင့် အကန့်အသတ်များကို တက်နိုင်သမျှ ဖြေလျှော့ပေးမည်ဖြစ်ကြောင်းလည်းထည့်သွင်းပြောကြားခဲ့သည်။

 

#ymg/sth
#Yangon_Media_Group