#Local_News
Published _ 7 september 2022

 

ရခိုင်ရှိ ဆင်ဖြူကလေးကို လူတွေနှင့်ယဉ်ပါးစေရန် သင်ကြားပေးနေကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

ဆင်ဖြူတော်ကလေးမှာ ယခု အသက် ၄၅ ရက်သားအရွယ်တွင် အရပ်အမြင့် ၂ ပေ ၇ လက်မ၊ ကိုယ်လုံး လုံးပတ် ၃ ပေ ၅ လက်မ၊ ကိုယ်အလေးချိန် ၂၀၂ ပေါင်ခန့်ရှိလာပြီး မိခင်ဆင်မကြီးနှင့်အတူ ကျန်းမာပျော်ရွှင်လျက်ရှိကာ ဆင်ဖြူတော်ကလေးမှာ ငယ်စဉ်ကတည်းကပင် လူနှင့်ယဉ်ပါးသည့် ဆင်ဖြူတော်ကလေးဖြစ်ပြီး ပိုမိုယဉ်ပါးလာစေရန် Human and Friendly စနစ်ဖြင့် လေ့ကျင့်သင်ကြားပေးကြောင်း ယင်းမှ သိရသည်။

 

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်ရှိ မြန်မာ့သစ်လုပ်ငန်း ဆင်ဝိုင်းမှ ဆင်မဇာနန်းလှ၊ အသက် ၃၃နှစ်မှ ဆင်အထီးလေးတစ်ကောင် မွေးဖွားခဲ့ပြီး ယင်းဆင်အထီးကလေးမှာ ရတနာဆင်ဖြူတော်များ၏ ကြံအင်လက္ခဏာ ၈ချက်အနက် မျက်လုံးပုလဲရောင်ဖြစ်ခြင်း၊ ကျောကုန်းမှာ ငှက်ပျောကိုင်းသဏ္ဍန်ဖြစ်နေခြင်း၊ အမွှေးအဖြူရောင်ဖြစ်ခြင်း၊ အမြှီးတံခါးပိတ်ဖြစ်ခြင်း၊ အရေပြားမှာ သြဇာကွက်ဖြစ်ခြင်း၊ အသားအရေပန်းရောင်ဖြစ်ခြင်း၊ ခြေဖဝါးတွင် ရှေ့ခြေသည်း ၅ခုစီနှင့် နောက်ခြေသည်း ၄ခုစီပါရီခြင်း၊ နားကြီးခြင်းစသည့် ရတနာဆင်ဖြူတော်များ၏ ကြံအင်လက္ခဏာများနှင့် ကိုက်ညီသောကြောင့် ဆင်ဖြူတော်ဟု နစကမှ တာဝန်ရှိသူများက သတ်မှတ်ခဲ့ကြသည်။

 

#ymg/NN
#Yangon_Media_Group