#Local_News
Published - 5 September 2022

 

ပို့ကုန်တင်ပို့သူများမှ ကုန်ပစ္စည်းသင်္ဘောတင်ခ၊ ကုန်ပစ္စည်းစစ်ဆေးခနှင့် ကော်မရှင်ခများကို ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းကနေ ကိုယ်ပိုင်အစီအစဉ်ဖြင့် သုံးစွဲရန် ကုန်သွယ်ရေးဦးစီးဌာနက ညွှန်ကြားထားသည်။

 

အဆိုပါ ကုန်ကျစရိတ်များကို နိုင်ငံခြားသုံးငွေကြီးကြပ်မှု ကော်မတီဆီ တင်ပြတောင်းခံခြင်း မပြုရန် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်သို့ စာပေးပို့ ညွှန်ကြားထားခြင်းဖြစ်သည်။

 

ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းကို ကိုယ်တိုင်သုံးစွဲခွင့်ပေးပြီးနောက်တွင်လည်း ကုန်ပစ္စည်းသင်္ဘောတင်ခများ ဆက်လက်တင်ပြတောင်းခံနေသည့်အတွက် ယခုလို ညွှန်ကြားခြင်းဖြစ်နိုင်ကြောင်း ပို့ကုန်လုပ်ငန်းရှင်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ဩဂုတ်လဆန်းပိုင်းမှစတင်ပြီး ပို့ကုန်ရငွေ ၃၅ ရာခိုင်နှုန်းကို ကိုယ်တိုင်သုံးစွဲခွင့် ပြုခဲ့ခြင်းဖြစ်သည်။

 

#Ymg/STH
#Yangon_Media_Group