#Local_News
Published - 5 September 2022

 

အိန္ဒိယနိုင်ငံ၏ (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ်ကျင်းပပြုလုပ်သည့် EXIM Bazaar- 2022 ပြပွဲတွင် မြန်မာနိုင်ငံအပါအဝင်နိုင်ငံ(၄)နိုင်ငံမှ ပါဝင်ပြသလျက်ရှိကြောင်း သိရသည်၊၊

 

အဆိုပါပြပွဲကို Export-Import Bank of India ၏ စီစဉ်မှုဖြင့် စက်တင်ဘာလ(၃) ရက်မှ (၆)ရက်အတွင်း နယူးဒေလီမြို့ National Craft Museum ၌ကျင်းပ လျက်ရှိသည်၊၊

 

အိန္ဒိယနိုင်ငံလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါနှင့် သီရိလင်္ကာနိုင်ငံ အပါအဝင် အိန္ဒိယနိုင်ငံ ပြည်နယ်များနှင့် ဒေသအသီးသီးမှ လက်မှုအနုပညာပစ္စည်းများ၊ အထည် အလိပ်များ ပြသရောင်းချပွဲ EXIM Bazaar- 2022 ကို ကျင်းပလျက်ရှိရာ၊ နယူးဒေလီမြို့၊ မြန်မာသံရုံးမှ မြန်မာနိုင်ငံကိုယ်စားပြု ပြခန်းတစ်ခန်း ပါဝင်ပြသလျက်ရှိကြောင်း သိရသည်။

 

အဆိုပါပြပွဲ၊ စျေးရောင်းပွဲကို အိန္ဒိယအထက်လွှတ်တော်အမတ် (Member of Rajya Sabha) Padma Vibhushan Dr. Sonal Mansinghမှ ဖွင့်လှစ်ပေးခဲ့ပြီး ဖွင့်ပွဲအခမ်းအနားသို အိန္ဒိယအစိုးရတာဝန်ရှိသူများ၊ မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်နှင့် ဘင်္ဂလားဒေ့ရှ်၊ ဘူတန်၊ မြန်မာ၊ နီပေါ နှင့် သီရိလင်္ကာနိုင်ငံများမှ သံအမတ်ကြီးများ တက်ရောက်ခဲ့ကြကြောင်း မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များအရသိရသည်၊၊

#ymg/tthl
#Yangon_Media_Group