#Local_News
Published - 2 Setember 2022

 

အိန္ဒိယနိုင်ငံမှ ဝယ်လိုအားကောင်းနေခြင်းကြောင့် ပို့ကုန်ပဲများ အမြင့်ဈေးတွင် တည်ငြိမ်နေပြီး ပြည်တွင်းသုံးကုလားပဲအုပ်စုမှာ ဈေးအနည်းငယ် ကျဆင်းလာကြောင်း ပဲ၊ နှမ်း ကုန်သည်များထံမှ သိရသည်။

 

ပို့ကုန်ပဲများဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံသည် အမြင့်ဈေးဖြင့် ဈေးနှုန်း အပြောင်းအလဲမရှိကြောင်း၊ ပဲစင်းငုံတစ်အိတ်လျှင် ကျပ် ၁၈၇,၀၀၀၊ မတ်ပဲတစ်အိတ်လျှင်ကျပ် ၁၉၅,၀၀၀ ပေါက်ဈေးရှိနေကြောင်း သိရသည်။

 

တရုတ်လိုင်းတွင် ပဲတီစိမ်း၊ နှမ်းတို့မှာ အရည်အသွေးအလိုက် ဈေးကောင်းရနေပြီး နယ်စုံမှ မြေပဲဆံအသစ်များ စဝင်လာကြောင်း ကုန်သည်များ၏ ပြောပြချက်အရ သိရသည်။

 

ပြည်တွင်းသုံး ကုလားပဲအုပ်စုမှာ ဈေးအနည်းငယ်ပြန်ကျနေပြီး ပဲမာလိုင်းတွေကတော့ ဈေးငြိမ်နေသော်လည်း ကျွန်းစားတော်ပဲ တစ်အိတ် ကျပ် ၄၀၀,၀၀၀ အထိ စံချိန်တင်မြင့်တက်လာကြောင်း သိရသည်။

 

အိန္ဒိယဝယ်လိုအားကောင်းနေခြင်းကြောင့် ဈေးနှုန်းအပြောင်းအလဲမရှိဘဲ ယခင်သီတင်းပတ်အတိုင်း အမြင့်ဈေးတွင် တည်ငြိမ်နေပြီး မတ်ပဲမှာ တစ်အိတ် ကျပ် ၁၉၅,၀၀၀၊ ပဲစင်းငုံ တစ်အိပ် ကျပ် ၁၈၇,၀၀၀ အထိ ပေါက်ဈေးဖြစ်ခဲ့ကာ စက်သုံးဆီစျေးမြင့်တက်လာခြင်းကြောင့် ပြည်တွင်းပို့ဆောင်မှု တန်ဆာခများလည်း ဈေးမြင့်တက်လာခဲ့ခြင်းဖြစ်သည်။

 

#Ymg/STH
#Yangon_Media_Group