#Local_News
Published _ 30 August 2022

 

ပြီးခဲ့သည့် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်ခဲ့ကြသူများအနေနှင့် ကျန်းမာရေးဝန်ကြီးဌာနလက်အောက်ရှိ ဆေးတက္ကသိုလ်နှင့် ဆေးဘက်ဆိုင်ရာ တက္ကသိုလ်များ၊ သွားဘက်ဆိုင်ရာတက္ကသိုလ်များကိုဝင်ခွင့်လျှောက်ထားနိုင်ကြောင်း ထုတ်ပြန်ထားရာ ဝင်ခွင့်လျှောက်ထားလိုသူများအနေဖြင့် စိတ်ပိုင်ဆိုင်ရာ စမ်းသပ်သည့် စာမေးပွဲကိုပါ ထည့်သွင်းဖြေဆိုပေးရမည်ဟု သိရသည်။

 

ဆေးတက္ကသိုလ်တွေကို ဝင်ခွင့်လျှောက်ထားသူများဟာ ၂၀၂၂ခုနှစ်တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ ၆ဘာသာရမှတ်ပေါင်းအခြေခံမည့် အမှတ်စာရင်းနှင့် အင်္ဂလိပ်စာ၊ ဓာတုဗေဒ၊ ဇီဝဗေဒစသည့် ၃ ဘာသာရမှတ်အနည်းအများကို ကြည့်ကာ ပမာဏရွေးချယ်သွားမယ်ဖြစ်ကြောင်း သိရသည်။

 

ဝင်ခွင့်ရွေးချယ်ခံရသူများဟာ ရေးဖြေ နှုတ်ဖြေ စာမေးပွဲတွေကို ဖြေဆိုရမှာဖြစ်သလို နှုတ်ဖြေစာမေးပွဲမှာ စိတ်ပိုင်ဆိုင်ရာဆန်းစစ်မှုကိုပါထည့်သွင်းပြီး စာမေးပွဲစစ်ဆေးသွားမည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

 

#ymg/NN
#Yangon_Media_Group