#Local_News
Published_28 August 2022

 

မိုးနှောင်းကာလစက်တင်ဘာနှင့် အောက်တိုဘာလအတွင်း ဧရာဝတီမြစ်ရေ၊ဒုဌဝတီမြစ်ရေ၊စစ်တောင်းမြစ်ရေ၊ပဲခူးမြစ်ရေ၊သံလွင်မြစ်ရေ၊သောင်ရင်းမြစ်ရေ၊ငဝန်မြစ်ရေ၊တိုးမြစ်ရေတို့သည် ဒေသအချို့၏ စိုးရိမ်ရေအမှတ်များအထက်သို့ ကျော်လွန်ရောက်မည်ရှိမည်ဖြစ်ကြောင်း သိရသည်၊၊

 

မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ သြဂုတ်လ(၂၈)ရက်ကထုတ်ပြန်သည့် မိုးနှောင်းကာလအတွက် မြစ်ရေအ‌ခြေအနေခန့်မှန်းချက်များအရ သိရသည်၊၊

ဧရာဝတီမြစ်ရေသည် ဆိပ်သာ၊ဟင်္သာတ၊ဇလွန်မြို့တို့တွင်(၁)ကြိမ်စီ၊ဒုဌဝတီမြစ်ရေသည် မြစ်ငယ်မြို့တွင်(၁)ကြိမ်ခန့်၊စစ်တောင်းမြစ်ရေသည် တောင်ငူနှင့် မဒေါက်မြို့တွင်(၁)ကြိမ်စီ၊ ပဲခူးမြစ်ရေသည် ပဲခူးမြို့တွင် (၁)ကြိမ်ခန့်၊သံလွင်မြစ်ရေသည် ဘားအံမြို့တွင်(၁)ကြိမ်ခန့်၊သောင်ရင်းမြစ်ရေသည် မြဝတီမြို့တွင် (၁)ကြိမ်ခန့်၊ငဝန်မြစ်ရေသည် ငါးသိုင်းချောင်းနှင့် သာပေါင်းမြို့တွင် (၁)ကြိမ်ခန့်စီ၊ တိုးမြစ်ရေသည် မအူပင်မြို့တွင် (၁)ကြိမ်ခန့် ယင်းမြို့များ၏ စိုးရိမ်ရေအမှတ်များအထက်သို့ ကျော်လွန်ရောက်မည်ရှိမည်ဖြစ်ကြောင်း သိရသည်၊၊

 

ymg/tthl
#Yangon_Media_Group