#LocalNews
Published - 28 August 2022

 

ပို့ကုန်ကြေညာလွှာ (ED) ထုတ်ယူပြီးသည့် ကုန်ပစ္စည်းများကို ED ထုတ်ယူသည့်နေ့မှ ၁၀ ရက်အတွင်း ပြည်ပတင်ပို့ရန် အကောက်ခွန်ဦးစီးဌာနက ညွှန်ကြားထားကြောင်း သိရသည်။

 

အကောက်ခွန်ဦးစီးဌာနမှ မြဝတီကုန်သွယ်ရေးဇုန်သို့ စာပေးပို့ညွှန်ကြားခြင်းဖြစ်ပြီး နိုင်ငံခြားသုံးငွေကြီးကြပ်ရေးကော်မတီ အစည်းအဝေးတွင် ယင်းကဲ့သို့ဆုံးဖြတ်ခြင်းဖြစ်ကြောင်း စာတွင် ဖော်ပြထားသည်။

 

အဆိုပါညွှန်ကြားချက်သည် တရုတ်-မြန်မာ မူဆယ်နယ်စပ်ကိုလည်း ရောက်ရှိပြီး နယ်စပ်အားလုံး အကျုံးဝင်ကြောင်း နယ်စပ်ကုန်သည်တစ်ဦး၏ ပြောပြချက်အရ သိရသည်။

 

ယခင်က ပို့ကုန်ကြေညာလွှာ ထုတ်ယူပြီး ရက် ၃၀ အထိ နေလို့ရသော်လည်း ရက် ၃၀ အတွင်း မတင်ပို့တာတွေလည်းရှိသည့်အတွက် ယခုလို တင်းကျပ်လိုက်ခြင်းဖြစ်နိုင်ကြောင်း ကုန်သည်များက သုံးသပ်ထားသည်။

 

Ymg/STH
#Yangon_Media_Group