#Local_News
Published_ 28 Aug 2022

 

ထောက်ရှာပင်-ကန်းနီရေနံမြေရှိ တွင်းအမှတ် ၃၁၃ မှ သဘာဝဓာတ်ငွေ့ တစ်ရက်လျှင် ကုဗပေ ၁ ဒသမ ၅ သန်းခန့် ထွက်ရှိနိုင်မည်ဖြစ်ပြီး ထွက်ရှိလာမည့် သဘာဝဓာတ်ငွေ့များကို စက်မှုလုပ်ငန်းများနှင့် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းလုပ်ငန်းများ အသုံးပြုသွားနိုင်မည်ဖြစ်ကြောင်း သိရပါတယ်။

 

စွမ်းအင်ဝန်ကြီးဌာနဝန်ကြီး ဦးမျိုးမြင့်ဦးသည် မကွေးတိုင်း ဝန်ကြီးချုပ် ဦးတင့်လွင်၊ တာဝန်ရှိသူများနှင့်အတူ မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့လုပ်ငန်း လက်အောက်ရှိ ထောက်ရှာပင်-ကမ်းနီရေနံမြေတွင်းအမှတ် ၃၁၃ သို့ ရောက်ရှိကြပြီး တွင်းတူးဖော်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးခဲ့ပါတယ်။

ဝန်ကြီးက နစကဥက္ကဋ္ဌ၏ လမ်းညွှန်ချက်အရ ရေနံနှင့်ရေနံထွက်ပစ္စည်းများ ပြည်ပမှတင်သွင်းမှု လျှော့ချနိုင်ရေးနှင့် ပြည်တွင်းထုတ်လုပ်မှုတိုးတက်ရေး စီမံချက်နှင့်အညီ ရေနံမြေများမှ ရေနံတိုးတက်ထုတ်လုပ်နိုင်ရေးသည် ဝန်ကြီးဌာန၏ အဓိကလုပ်ငန်းတာဝန်ဖြစ်တယ်လို့ ဆိုပါတယ်။

 

ရေနံမြေများသည် ရေနံစိမ်းနှင့် သဘာဝဓာတ်ငွေ့များကို ကိုင်တွယ်လုပ်ကိုင်နေရခြင်းကြောင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေး ဂရုပြုဆောင်ရွက်ရန်နှင့် လုပ်ငန်းခွင်ဘေးအန္တရာယ် ကင်းရှင်းရေးအလေးထား ဆောင်ရွက်သွားရန်၊ ဝန်ထမ်းများနှင့်ရေနံမြေ လုံခြုံရေးကို အလေးထားဆောင်ရွက်သွားရန် မှာကြားခဲ့ကြောင်း သတင်းရရှိပါတယ်။

 

ygm_mnn
#Yangon_Media_Group