#LocalNews
Published_21 August 2022

 

မိုင်းဖုန်းဆရာတော်ကြီး မနက်ဖြန် သြဂုတ်လ ၂၂ ရက်တွင် ထိုင်းနိုင်ငံမှ ရှမ်းပြည်နယ် တာချီလိတ်သို့ ကြွရောက်လာမည်ဖြစ်ကြောင်း သိရသည်။

 

ထိုင်းနိုင်ငံတွင် ဆေးကုသမှုခံယူရာမှ ပြီးခဲ့သည့် သြဂုတ်လ ၁၈ ရက် မွန်းလွဲပိုင်းတွင် ဆေးရုံကဆင်းလာခဲ့ပြီးဖြစ်ကြောင်း သိရသည်။

 

ဩဂုတ်လ ၁ ရက်တွင် မိုင်းကျတ်ဂူတွင်းမှ အဓိဌာန်အောင်မြင်ထွက်လာသည့် မိုင်းဖုန်းဆရာတော်ကြီးအနေဖြင့် ယင်းအချိန်မှစကာ တရားဟောခြင်း၊ခရီးသွားခြင်းများပြုလုပ်ပြီးနောက် ကျန်းမာရေး အားနည်းလာသည့်အတွက် ဩဂုတ်လ ၁၀ ရက် တွင် ထိုင်းနိုင်၎င်း ဆေးဝါးကုသမှု စတင်ခံယူခဲ့ရခြင်းလည်း ဖြစ်သည်။

 

ymg/mt
#Yangon_Media_Group