Published 10 Sept 2021
ကိုဗစ်-၁၉ ကပ်ရောဂါဘေးများကို ပြန်လည်တုန့်ပြန်ဖို့နှင့် ပြန်လည်ထူထောင်ဖို့အတွက် ၂၀၂၁ မှ ၂၀၂၁ အထိ သုံးနှစ်တာ စီမံချက်တစ်ခုကို မဟာမဲခေါင်ဒေသခွဲနိုင်ငံ (၆)နိုင်ငံက အတည်ပြုခဲ့ကြပါတယ်။
 
စက်တင်ဘာ (၉)ရက်နေ့က အွန်လိုင်းဖြင့်ကျင်းပခဲ့တဲ့ မဟာမဲခေါင်ဒေသခွဲ (၇)ကြိမ်မြောက် ထိပ်သီးအစည်းအဝေးမှာ မဟာမဲခေါင်ဒေသခွဲ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု အစီအစဉ် မဟာဗျူဟာ မူဘောင် ၂၀၃၀၊ GMS ကိုဗစ်-၁၉ တုံ့ပြန်မှုနှင့် ပြန်လည်ထူထောင်ရေး စီမံချက် (၂၀၂၁-၂၀၂၃) နှင့် ထိပ်သီးအစည်းအဝေး ပူးတွဲကြေညာချက်စာတမ်းတို့ကို သတ္တမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းတွင် အတည်ပြုနိုင်ခဲ့တာဖြစ်ပါတယ်။
 
“မဟာဗျူဟာသစ်ဖြစ်တဲ့ ဂျီအမ်အက်စ်-၂၀၃၀ အနေနှင့် စိန်ခေါ်မှုအသစ်တွေနှင့် ဆက်လက်ဖြစ်ပေါ်နေတဲ့ စိန်ခေါ်မှုတွေ ကို ကျော်လွှားနိုင်ဖို့၊ လက်ရှိနှင့်ဖြစ်ပေါ်လာနိုင်တဲ့ အခွင့်အလမ်းတွေကို အမိအရချုပ်ကိုင်နိုင်ဖို့ ယခု မူဘောင်အသစ်က ဒေသခွဲကို ကူညီလမ်းပြပေးနိုင်ပါလိမ့်မယ်” လို့ ပူးတွဲကြေညာချက်မှာ ဖော်ပြထားတယ်လို့ ဆင်ဟွာက သတင်းရေးသားပါတယ်။
 
သတ္တမအကြိမ် မဟာမဲခေါင်ဒေသခွဲထိပ်သီးအစည်းအဝေး (7th Greater Mekong Subregion Summit) ကို စက်တင်ဘာ ၇ ရက်နေ့ နံနက်ပိုင်းတွင် Video Conference ဖြင့် စနစ်ဖြင့်ကျင်းပခဲ့တာဖြစ်ပါတယ်။
 
အစည်းအဝေးတွင် မြန်မာနိုင်ငံအနေဖြင့် နစက ဥက္ကဋ္ဌကလည်း GMS အစီအစဉ်နှင့်ဆောင်ရွက်မည့် ဗီယက်နမ်(ဒါနန်း) မှ ရန်ကုန်(သီလဝါ)အထိ ဆက်သွယ် ထားသည့် အဆိုပါစင်္ကြံသည် မဟာမဲခေါင် ဒေသခွဲနိုင်ငံများအတွင်း ချိတ်ဆက်မှုအားကောင်းစေပြီး ကုန်သွယ်မှုပိုမို အဆင်ပြေချောမွေ့ စေမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
 
GMS မဟာဗျူဟာမူဘောင် (၂၀၁၂-၂၀၂၂) အရ ကဏ္ဍအလိုက် စီမံကိန်းများနှင့် လုပ်ငန်းစဉ်များကိုဆောင်ရွက်ရာ၌ မြန်မာနိုင်ငံအနေဖြင့် မဟာမဲခေါင် ရထားအဖွဲ့အစည်းကို ထူထောင်ရာတွင် ပါဝင်ခဲ့ပြီး နယ်စပ်ဖြတ်ကျော်ပို့ဆောင် ရေး လွယ်ကူချောမွေ့စေမှု စာချုပ်များနှင့် နောက်ဆက်တွဲများကို အတည်ပြု လက်မှတ်ရေးထိုး နိုင်ခဲ့ပါတယ်။ဒေသတွင်းကုန်ထုတ်ပစ္စည်းများ ထုတ်လုပ်တင်ပို့နိုင်ရေးနှင့် ဖွံ့ဖြိုးမှုအတွက် GMS အစီအစဉ်အရ ဆောင်ရွက်လျက်ရှိသည့် စီးပွားရေးစင်္ကြံများမှာ အလွန်အရေးပါကြောင်းနှင့် ၎င်းတို့အနက် အရှေ့-အနောက် စီးပွားရေးစင်္ကြံလမ်းကြောင်းသည် မြန်မာနိုင်ငံ အတွက် အလွန်အရေးပါသည့် လမ်းကြောင်းဖြစ်ပါတယ်လို့ သိရပါတယ်။
 
အဲဒီအပြင့် GMS ကိုဗစ်-၁၉ တုံ့ပြန်ရေးနှင့် ပြန်လည်ထူထောင်ရေး စီမံချက် (၂၀၂၁-၂၀၂၃)ကို မြန်မာနိုင်ငံအနေဖြင့် ကြိုဆိုကြောင်းနှင့် ယခုနှစ်ကုန်ပိုင်းတွင် မြန်မာတစ်နိုင်ငံလုံး အတိုင်းအတာ အနေဖြင့် ကာကွယ်ဆေး ထိုးခြင်း လွှမ်းခြုံမှု ၅၀ ရာခိုင်နှုန်းရှိစေရေး မျှော်မှန်း၍ ကြိုးပမ်းဆောင်ရွက်လျက်ရှိတယ်လို့ မြန်မာနိုင်ငံက ပြောကြားခဲ့ပါတယ်။
GMS အစီအစဉ်အရ ထိပ်သီးအစည်းအဝေးများကို မဟာမဲခေါင်ဒေသ ခွဲအစီအစဉ်၏ (၁၀) နှစ်ပြည့်မြောက်သည့် ၂၀၀၂ ခုနှစ်မှ စတင်၍ (၃) နှစ်လျှင်တစ်ကြိမ် မဟာမဲခေါင်ဒေသခွဲ (၆) နိုင်ငံမှ အက္ခရာစဉ်အလိုက် အိမ်ရှင်နိုင်ငံအဖြစ် လက်ခံကျင်းပလျက် ရှိပြီး မြန်မာနိုင်ငံအနေနှင့် စတုတ္ထအကြိမ် မဟာမဲခေါင်ဒေသခွဲ ထိပ်သီးအစည်းအဝေးကို
၂၀၁၁ ခုနှစ်က အိမ်ရှင်နိုင်ငံအဖြစ် နေပြည်တော်တွင် လက်ခံကျင်းပခဲ့တာဖြစ်ပါတယ်။
 
လာမယ့် ၂၀၁၄ ခုနှစ်မှာတော့ တရုတ်နိုင်ငံက အိမ်ရှင်နိုင်ငံအဖြစ် ကျင်းပသွားမယ်လို့ ဆင်ဟွာသတင်းဌာနက သတင်းရေးသားပါတယ်။
မဟာမဲခေါင်ဒေသခွဲGMS ကို မြန်မာ၊တရုတ်၊ကမ္ဘောဒီးယား၊လာအို၊ထိုင်း၊ဗီယက်နမ် နိုင်ငံခြောက်နိုင်ငံ ပူးပေါင်းဖွဲ့စည်းထားတာဖြစ်ပါတယ်။
Source:Xinhua/MNA