#Local_News
Publidhed_ 17 Aug 2022

 

ရန်ကုန်တိုင်းဒေသကြီး၊ ကြည့်မြင်တိုင်မြို့နယ်၊ သင်္ဘောကျင်း၌ ဒီကနေ့ ဩဂုတ် ၁၇ ရက်၊ နံနက် ၁၀ နာရီခန့်က သင်္ဘောတစ်စီး မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီး‌ဌာန၏ ထုတ်ပြန်ချက်အရ သိရပါတယ်။

 

အဆိုပါ မီးလောင်ရာသို့ ကြည့်မြင်တိုင်မြို့နယ်မီးသတ်စခန်း၊ စက်ဆန်းနယ်မြေမီးသတ်စခန်း၊ ကမာရွတ်မြို့နယ်မီးသတ်စခန်းနှင့် ဆိတ်ကြီးခနောင်တို မီးသတ်စခန်းတို့မှ မီးသတ်ယာဉ်များ ထွက်ခွာငြှိမ်းသတ်ခဲ့ကြပါတယ်။

 

မီးလောင်မှုအား နံနက် ၁၀ နာရီ ၃၂ မိနစ်တွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၁၀ နာရီ ၅၅ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်ဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ymg_mnn
#Yangon_Media_Group