#Local_News
Published _ 17 August 2022

 

ရန်ကုန်တိုင်းအတွင်း၌ သြဂုတ်လ ၁၆ ရက် ညပိုင်းမှစတင်ကာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ယနေ့ မနက်တွင် မြို့နယ်အချို့၌ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။

 

မြောက်ဥက္ကလာ၊ မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ သင်္ဃန်းကျွန်း ၊ သမိုင်း၊ မရမ်းကုန်း ၊လှိုင်သာယာ၊ သာကေတ၊ မြောက်ဒဂုံ၊ တောင်ဒဂုံ၊ တာမွေ၊ ဘောက်ထော်၊ လှိုင်၊ ကမာရွတ်စတဲ့နေရာတွေမှာ ရေကြီးမှုတွေဖြစ်ပြီး သွားလာရခက်ခဲနေကြောင်း သိရသည်။

 

ရွှေပြည်သာ ၁၄ လမ်းဆုံတစ်လျှောက် ကားတွေပိတ်နေက သမိုင်းလမ်းဆုံ တစ်လျှောက်တွင်လည်း ရေများကြီးနေကြောင်းသိရသည်။

 

"မိုးကသည်းသည်းမည်းမည်းကိုရွာနေတာ၊ အိမ်ထဲအထိပါ ရေကဝင်လာနေပြီ အခုအချိန်ထိတော့ အများကြီးမရောက်သေးပါဘူး။ ဒါပေမယ့် နေ့လည်ဖက်အထိ မိုးမတိတ်ဘဲ ဆက်ရွာနေမယ်ဆိုရင်တော့ ရေအတော်တက်လာနိုင်တယ်"ဟု ဒဂုံဆိပ်ကမ်းတွင် နေထိုင်သူတစ်ဦးထံမှ သိရသည်။

 

ရေကြီးရေလျှံမှုဖြစ်ပွားနေသဖြင့် သွားလာရခက်ခဲနေသည့် မင်္ဂလာဒုံမြို့နယ်ရှိ နေအိမ်အချို့အား ပုလဲအရန်မီးသတ်တပ်ဖွဲ့စခန်းမှ ထမင်းနှင့်ဟင်းများ လိုက်လံဝေငှပေးရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

ymg/NN
#Yangon_Media_Group