#Local_News
Published - 17 August 2022

 

ပြည်ပသို့ ရေထွက်ကုန်တန်ချိန်ပေါင်း ၈၀၀၀၀ ကျော် တင်ပို့ထားပြီး ကန်ဒေါ်လာ ၉၁ သန်းကျော် ပို့ကုန်ဝင်ငွေ ရရှိထားကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။

ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၄၈ သန်းကျော် တန်ဖိုးရှိသည့် ရေထွက်ကုန်တန်ချိန်ပေါင်း ၃၃၀၀၀ ကျော် တင်ပို့ခဲ့ခြင်းဖြစ်ပြီး နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၄၃ သန်းကျော် တန်ဖိုးရှိသည့် ရေထွက်ကုန်တန်ချိန်ပေါင်း ၄၇၀၀၀ ကျော်တင်ပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် တင်ပို့ခဲ့သည့် ရေထွက်ကုန်အမျိုးအစားမှာ ငါးတံခွန်၊ ငါးမြစ်ချင်း၊ ငါးသလောက်၊ ရွှေငါးနှင့် ငါးရှဉ့်အရှင် အစရှိသည့် ရေထွက်ကုန်ပစ္စည်းများကို ထိုင်း၊ တရုတ်၊ ဆော်ဒီအာရေးဗျ၊ ဂျပန်၊ စင်ကာပူ၊ ယူအေအီး၊ ဘင်္ဂလားဒေ့ရှ်၊ ဗြိတိန်စသည့် နိုင်ငံများကို တင်ပို့ခဲ့ကြောင်း သိရသည်။

 

ယင်းအပြင် လျှပ်စစ်မီးအခက်အခဲ၊ ဒီဇယ်ဆီဈေးနှုန်း ကြီးမြင့်မှု၊ ကုန်သွယ်ရေးနှင့် ငွေကြေးမူဝါဒအပြောင်းအလဲများကြောင့် ငါးကုန်ကြမ်းရရှိမှု လျော့နည်းခဲ့ပြီး ရေထွက်ကုန်တင်ပို့မှု လျော့ကျခဲ့သော်လည်း လက်ရှိတွင် တင်ပို့မှုများပြန်လည်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group