#LocalNews
Published_16 August 2022

 

အဖမ်းခံထားရသည့် မှတ်တမ်းရိုက်ကူးသူဂျပန်နိုင်ငံသားကို အမှုအားလုံးပြတ်မှ လုပ်သင့်သည်ကိုလုပ်မည်ဟု နစက က ယနေ့ သြဂုတ်လ ၁၆ ရက်က ထုတ်ပြန်လိုက်သည်။

 

ယင်းမှာ အသက် ၂၆ နှစ်အရွယ်မစ္စတာ Toru Kubota ဆိုသူဖြစ်ပြီး ဇူလိုင်လ ၃၀ ရက်က ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့သစ်(တောင်ပိုင်း) City Max အနီး ဆန္ဒပြမှုတွင် အဖမ်းခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် အဆိုပါ ဂျပန်နိုင်ငံသား မှတ်တမ်းရုပ်ရှင်ရိုက်ကူးသူ မစ္စတာ Toru Kubota ကို ဥပဒေအရ တရားစွဲဆိုအမှုဖွင့်ထားကြောင်း၊ သက်ဆိုင်ရာတရားရုံး၏ တရားစီရင်ချက်ကို စောင့်ရမည်ဖြစ်ပြီး အမှုအားလုံးပြီးပြတ်မှသာ လုပ်ဆောင်သင့်သည်များကို လုပ်ဆောင်နိုင်မည်ဖြစ်ကြောင်း ယင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ပြီးခဲ့သည့် ဩဂုတ်လ ၁၁ ရက်က နစက ဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ဂျပန်နိုင်ငံ၊ လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ အောက်လွှတ်တော် အမတ် Mr. Hiromichi Watanabe တို့ တွေ့ဆုံရာတွင် မစ္စတာ Toru Kubotaတိုရုကူဘိုတာ၏ အမှုကိစ္စကိုလည်း ပြောဆိုခဲ့ကြသေးကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_Group