နိုင်ငံရေးအရ ထိပ်တိုက်တွေ့ဆုံမှုတွေက လူထုအတွက်နစ်နာတယ်လို့ NCA လက်မှတ်ရေးထိုးထားတဲ့ EAOsအဖွဲ့ တွေစုပေါင်းဖွဲစည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဦးဆောင်အဖွဲ့ PPSTရဲ့ အစည်းအဝေးမှာ ထည့်သွင်းဆွေးနွေး ဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။

 
NCA စာချုပ် လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ (EAOs) ဖြင့်ဖွဲစည်းထားသော ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဦးဆောင်အဖွဲ (PPST)ရဲ့ အစည်းအဝေး(၁၉/၂၀၂၁)ကို ၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက်နေ့ တွင် ကျင်းပပြုလုပ်ခဲ့ပြီးအဖွဲ့ ၉ဖွဲ့ မှအစည်းအဝေးတက်ရောက်သူ ၃၅ ဦးရှိကြောင်း သိရပါတယ်။
 
PPST အဖွဲ့ ခေါင်းဆောင်၊ NMSP(မွန်)အဖွဲ့ ဥက္ကဋ္ဌ နိုင်အောင်မင်းက အဖွင့်မိန့်ခွန်းပြောကြားရာတွင် PPST အနေနဲ့ လက်ရှိနိုင်ငံရေး အကျပ်အတည်း ကိုဖြေရှင်းရာမှာ NCA စာချုပ်ရဲ့ အနှစ်သာရကိုအခြေခံပြီး သက်ဆိုင်ရာအဖွဲ့အစည်းများအားလုံးပါဝင်တဲ့ တွေ့ဆုံဆွေးနွေးပွဲများကျင်းပခြင်းနဲ့ ဖြေရှင်းရန် ကြိုးစား ဆောင်ရွက်သွားမယ်လို့ အတိအလင်းကြေညာခဲ့ပါတယ်။
 
အဲ့ဒီအစည်းအဝေးမှာ အဖွဲ့ဝင်များက ဆွေးနွေး ရာမှာ နိုင်ငံရေးထိပ်တိုက်ရင်ဆိုင်မှု အနေအထားက တိုင်းပြည်နဲ့လူထုအတွက် ထိခိုက်နစ်နာမှုရှိနေကြောင်း၊ စက်တင်ဘာလတွင် ကျင်းပမယ့်ကုလသမဂ္ဂ အထွေထွေအစည်းအဝေးမှာ နစကကိုနိုင်ငံ တကာအသိုင်းအဝိုင်းနဲ့ ဖြတ်တောက်ရန်ကြိုးစားနေကြောင်း၊ NCA အပေါ် ရပ်တည် ချက်နှင့်ပတ်သက်၍ KNU/KNLA(PC) အဖွဲအနေဖြင့် NCA အပေါ်တွင်သာ ဆက်လက်ရပ်တည်သွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြတယ်လို့ သိရပါတယ်။