#LocalNews
Published_14 August 2022

 

ရှေးဟောင်းသမိုင်းဝင် ဒလသင်္ဘောကျင်းကို ပြုပြင်ထိန်းသိမ်းသွားမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန က သိရသည်။

 

"ပြုပြင်ထိန်းသိမ်းတဲ့လုပ်ငန်းကိုလုပ်တဲ့အခါ သင်္ဘောကျင်းမှာရှိတဲ့ အလုပ်ရုံတွေ ၊အဆောက်အအုံတွေကိုလည်း ပြုပြင်ရမှာဖြစ်ပါတယ်၊ ဒါကြောင့် စက်ပစ္စည်းနဲ့ စက်ယန္တရားတွေကိုဖြည့်ပြီးတော့ လုပ်ငန်းများလည်ပတ်နိုင်ရေးနဲ့ စနစ်တကျ ပြုပြင်ထိန်းသိမ်းတဲ့ လုပ်ငန်းတွေကိုလုပ်ဆောင်ဖို့ စီစဉ်နေပါတယ်"ဟု အဆိုပါဝန်ကြီးဌာန တာဝန်ရှိသူကပြောသည်။

 

ဒလသင်္ဘောကျင်းသည် နှစ်ပေါင်း ၁၅၀ ခန့်သက်တမ်းရှိ မြန်မာနိုင်ငံ၏ ပထမဆုံးသင်္ဘောကျင်းဖြစ်ပြီး လက်ရှိတွင် သင်္ဘောကျင်းအတွက်လိုအပ်သည့် အင်ဂျင်နီယာများ ဖြည့်ဆည်းဆောင်ရွက်ရန်၊သင်္ဘောများကို ခေတ်နှင့်လျော်ညီစွာ တည်ဆောက်နိုင်ရန်၊ သင်္ဘောကျင်းအဆင့်မြှင့်တင်ရေးအတွက် ခေတ်မီတည်ဆောက်ရေးလုပ်ငန်းများကို ဆောင်ရွက်ရန် လုပ်ဆောင်နေကြောင်းလည်း သိရသည်။

 

ymg/mt
#Yangon_Media_Group