Published-9 Sept 2021

မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေထဲက မြန်မာနိုင်ငံမှာ ဒေါ်လာ ၂သန်းတန် စီမံကိန်း ၁ခုဆောင်ရွက်သွားမယ်လို့ ၁၁ကြိမ်မြောက် မဲခေါင်-ကိုရီယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့အစည်းအဝေးအရသိရပါတယ်။
ဩဂုတ်လ၈ရက်နေ့ အဲ့ဒီအစည်းအဝေးမှ (၁၁) ကြိမ်မြောက်မဲခေါင်-ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲသဘာပတိထုတ်ပြန်ချက်ကို အတည်ပြုခဲ့ပြီး ၂၀၂၁ ခုနှစ်အတွက် “မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေ (ပဉ္စမအသုတ်)” စီမံကိန်း (၇) ခုကို အတည်ပြု ရွေးချယ်ခဲ့ရာ မြန်မာနိုင်ငံအတွက် အမေရိကန်ဒေါ်လာ (၂) သိန်းတန်ဖိုးရှိ စီမံကိန်းတစ်ခုပါဝင်ခဲ့တယ်လို့သိရပါတယ်။
အဆိုပါ စီမံကိန်းကို မော်လမြိုင်တက္ကသိုလ်က အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး၊ မွန်ပြည်နယ်အတွင်း ရွှေ့ပြောင်းသွားလာနေထိုင်သူများက စိုက်ပျိုးရေးကဏ္ဍနဲ့ကျေးလက် ဖွံ့ဖြိုးတိုးတက်မှု အပေါ်သက်ရောက်မှုအားလေ့လာသုတေသနပြုသွားမယ်လို့သိရပါတယ်။
ကိုရီးယားနိုင်ငံက မဲခေါင်နိုင်ငံများရဲ့ ပူးပေါင်းဆောင်ရွက်မှုစီမံကိန်းများ အကောင်အထည် ဖော်နိုင်ရန်အတွက် ကိုရီးယားသမ္မတနိုင်ငံမှ မဲခေါင်-ကိုရီးယားပူးပေါင်းဆောင် ရွက်မှုရန်ပုံငွေသို့ နှစ်စဉ်ရန်ပုံငွေထည့်ဝင်မှုခဲ့ပြီယ ယခုနှစ်အတွက် အမေရိကန်ဒေါ်လာ (၄) သန်း ထည့်ဝင်ခဲ့ပြီး“မဲခေါင်-ကိုရီးယားပူးပေါင်းဆောင်ရွက်မှုရန်ပုံငွေစီမံကိန်း(ပဉ္စမအသုတ်)ကိုအတည်ပြုခဲ့တယ်လို့သိရပါတယ်။

မဲခေါင်-ကိုရီးယား ပူးပေါင်းဆောင်ရွက်မှုကို ၂၀၁၁ ခုနှစ်ကစတင်ခဲ့တဲ့လုပ်ငန်းစဉ်ဖြစ်ပြီး ကိုရီးယားနိုင်ငံမှ ရန်ပုံငွေနှင့် နည်းပညာ အကူအညီများ ပေးအပ်လျက်ရှိတယ်လို့သိရပါတယ်။