#Local_News
Published - 11 August 2022

 

ဧပြီလမှ ဇူလိုင်လကုန်အထိ လေးလတာကာလအတွင်း ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ နိုင်ငံခြားသား ၂၀၀၀၀ ကျော် ၀င်ရောက်ခဲ့ပြီး ပြည်တော်ပြန်ဦးရေ ၉၀၀၀၀ ကျော် ပြန်လာကြောင်း ရန်ကုန်တိုင်းဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။

 

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ယခုနှစ် လေးလတာအတွင်း နိုင်ငံခြားခရီးသွား ဧည့်သည် နှစ်သောင်း ကျော်လာရောက်ခဲ့ပြီး နိုင်ငံပေါင်း ၆၄ နိုင်ငံကလာရောက်ခဲ့ကြောင်း သိရသည်။

 

ယင်းအပြင် ပြည်ပတွင်သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများနှင့် ပြည်ပအလည်အပတ်သွားပြီး မြန်မာကို ပြန်လည်ဝင်ရောက်မှု ဦးရေ ၉၀၀၀၀ ကျော်ရှိကြောင်း သိရသည်။

 

၂၀၂၂ ခုနှစ် မေလ ၂၀ ရက်နေ့တွင် Tourist Visa ဖြင့် ကမ္ဘာလှည့်ခရီးသွားဧည့်သည်များကို ခွင့်ပြုပေးခဲ့ပြီးနောက်ပိုင်း ပြည်ပခရီးသွားဧည့်သည်များ စတင်ဝင်ရောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံအနေဖြင့် နိုင်ငံတကာလေကြောင်းလိုင်းများကို ဧပြီလ ၁၇ ရက်နေ့မှစတင်ဆင်းသက်ခွင့်ပြုခဲ့ပြီး ပြည်ပလေကြောင်းလိုင်းများများဆင်းသက်ပါက ပြည်ပခရီးသွားဦးရေတိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group