#Local_News
Publidhed_ 8 Aug 2022

 

မင်းပြား-ပေါက်တော ကားလမ်းဘေး ချောင်းရှည်ရွာရှိ ငါးသားဖောက်စခန်းတွင် ရခိုင်ပြည်နယ် ပြည်နယ်ငါးလုပ်ငန်းဦးစီးဌာနက ဩဂုတ်လပထမပတ်မှစတင်၍ ငါးမြစ်ချင်းသားဖောက်လုပ်ငန်းကို ဆောင်ရွက်လျက်ရှိပြီး ရေချိုငါးမြစ်ချင်း ဧက ၁၀၀၀ မွေးမြူ၍ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ တင်ပို့နိုင်ရန် ရည်မှန်းဆောင်ရွက်နေကြောင်း သိရပါတယ်။

 

ရေချိုငါး/ပုစွန် မွေးမြူမှုနည်းသောနေရာ၌ ဝယ်လိုအားရှိနေသော ငါးမြစ်ချင်းကို အနီးဆုံးဈေးကွက်သို ကုန်ကျစရိတ်သက်သာစွာ တင်ပို့နိုင်ရန် ရှေ့ပြေး Pilot Project အနေဖြင့် ငါးမွေးမြူရေးဇုန်ကို စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရပါတယ်။

 

ရေချိုမွေးမြူရေးဧက ၁၀၀၀ နှင့် ရေငန်မွေးမြူမှုဧက ၁၅၀၀ ဖြင့် ဧက ၂၅၀၀ ရေချို/ရေငန် မွေးမြူရေးကဏ္ဍတွင် ရေချိုမွေးမြူရေးကို ကနဦး အကောင်အထည်ဖော်ခြင်းဖြစ်ပြီး ဒေသခံမွေးမြူရေးတောင်သူများ စိတ်ဝင်စားပါက တာဝန်ယူဆောင်ရွက်နေသော ကုမ္ပဏီမှ နည်းပညာနှင့် အရင်းနှီးစိုက်ထုတ်၍ ပူးပေါင်းဆောင်ရွက်သွားမှာ ဖြစ်တယ်လို ဆိုပါတယ်။

 

မွေးမြူရေးကန် ဧက ၁၀၀၀ မှထွက်ရှိသော ငါးမြစ်ချင်းကို အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံသို တင်ပိုပြီး ရေချိုငါးဈေးကွက်ကြီးတစ်ခု ပေါ်ထွန်းလာရန် ကြိုးပမ်းဆောင်ရွက်ခြင်းဖြစ်ပါတယ်။

 

မြေပြင်တွင် ရေချို/ရေငန် အမှန်တကယ်မွေးမြူမှု အဆင်ပြေစေရန် ပြည်နယ်အစိုးရက သက်ဆိုင်ရာဝန်ကြီးဌာနအလိုက် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။

 

ရေချိုမွေးမြူရေးဇုန်၌ ပထမနှစ်တွင် ငါးမြစ်ချင်း ဧက ၁၀၀ မှစ၍ နှစ်စဉ်ဧက ၁၀၀ တိုးမြှင့်မွေးမြူသွားမည်ဖြစ်ပြီး ပြည်နယ်အစိုးရဘတ်ဂျက်ဖြင့် တည်ဆောက်ထားသော ငါးသားဖောက်စခန်း တည်ရှိသည့်အတွက် ရန်ကုန်နှင့် ဧရာဝတီတိုင်းဒေသကြီးမှ ငါးမြစ်ချင်းသားပေါက် မှာယူရန်မလိုဘဲ လိုအပ်သော ငါးသားပေါက်ကို လွယ်ကူစွာရရှိပြီး မွေးမြူရေးကဏ္ဍကို အရှိန်မြှင့်တင်ဆောင်ရွက်ခြင်း ဖြစ်ပါတယ်။

 

ငါးမြစ်ချင်းကို ပြည်ပပို့ကုန်အတွက် ၂ နှစ်မွေးမြူလေ့ရှိပြီး ပထမတစ်နှစ်တွင် သားပေါက်မှ ငါးဖြန်းအရွယ်၊ ဒုတိယနှစ်တွင် ငါးဖြန်းမှ ရောင်းတန်းဝင် ၂ ကီလိုကျော်အရွယ် မွေးမြူကြကြောင်း သိရပါတယ်။

 

ymg_mnn
#Yangon_Media_Group