#Local_News
Published _ 6 August 2022

 

သောက်သုံးရေရှားပါမှုနှင့် နှစ်စဉ်ကြုံနေရသည့် ဒလမြို့နယ်တွင် ရေဂါလံ (၁ ဒသမ ၅)သန်းဆန့် ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံတည်ဆောက်နေကြောင်း မြို့နယ်စည်ပင်က ထုတ်ပြန်ထားသည်။

 

တည်ဆောက်နေလျက်ရှိသည့် ရေလှောင်ကန်နှင့် ရေတွန်းစက်ရုံကို ဒလမြို့နယ် တာကြီးရပ်ကွက် ဒလ-တွံတေး ကားလမ်းဘေး ရန်ကုန်မြို့တော်ရေပေးဝေရေးဇုန်(၁၀) တွင် တည်ဆောက်နေခြင်းဖြစ်ပြီး တည်ဆောက်ရေးလုပ်ငန်း၏ ပထမအဆင့် ဘိုးပိုင်တူးခြင်းအကြို အင်ဂျင်နီယာလုပ်ငန်းများကို ယခုကာလမှာစတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

"ရေလှောင်ကန်တည်ဆောက်နေတာ အားရစရာပါပဲ၊ ရေဂါလံများများဆံ့လေ အဆင်ပြေလေပါ။ ပြီးတော့ ဒလကိုရေပေးဝေဖို့ အတွက် တွံတေး၊ ဘုရားကြီးစုဆိုတဲ့ ရွာမှာလဲ တွံတေးတူးမြောင်းကနေရတဲ့ရေကို သန့်စင်ပြီး ဒလမြို့ကို သောက်သုံးရေပို့လွှတ်နိုင်ဖို့ ရေသန့်စင်စက်ရုံဆည်ဆောက်မယ့် စီမံကိန်းရှိတယ်လို့လည်း သိရတယ်။ အဲ့တာတွေပြီးသွားရင်တော့ ဒလမြို့က သောက်သုံးရေပူပန်စရာမလိုတော့တဲ့ အနေအထားဖြစ်လာမှာပါ" ဟု ဒလမြို့နေပြည်သူတစ်ဦးက ဆိုသည်။

 

ရေလှောင်ကန်မှ သိုလှောင်ရေများကို တွန်းပို့နိုင်ရန် ရေတွန်းစက်ရုံပါ တည်ဆောက်ခြင်းဖြစ်ပြီး နွေရာသီကာလများမှာ ဒလမြို့နယ်ရှိ နေရာအချို့တွင် ဖြစ်ပေါ်နေလျှက်ရှိသည့် သောက်သုံးရေရှားပါးမှု အခြေအနေ အခက်အခဲများအား အဆိုပါ ရေလှောင်ကန်တည်ဆောက်ခြင်းက လျော့ချပေးသွားနိုင်ရန် ရည်ရွယ်ထားကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group