#Local_News
Published - 6 August 2022

 

ကိုရီးယားအလုပ်အကိုင်(EPS) စာမေးပွဲဖြေဆိုခွင့်အား အွန်လိုင်းမှလျှောက်ထားသူ တချို့ မှားယွင်းမှုများကို စီစစ်ပြီးဖြေဆိုခွင့်ရရှိရန် စီစဉ်နေကြောင်း ပြည်ပအလုပ်အကိုင်အေဂျင်စီ(POEA-EPS)က ထုတ်ပြန်ထားသည်။

 

အဆိုပါ မှားယွင်းမှုရှိခဲ့သူများကို ဖြေဆိုခွင့်ရရှိရန်အတွက် ကိုရီးယားအလုပ်ရှင်ကိုယ်စားပြုအဖွဲ့ (HRD-Korea) နှင့်ညှိနှိုင်းနေကြောင်း၊ ယင်းအပြင်ဖြေဆိုခွင့်လျှောက်ထားသူတချို့၏ အကြိမ်ကြိမ်လျှောက်ထားခြင်း အချက်အလက်မပြည်စုံမှုများကို လက်ရှိအချိန်ထိ စီစစ်နေရဆဲဖြစ်ည့်အတွက် ဖြေဆိုခွင့်ရရှိသူ စာရင်းမထုတ်ပြန်နိုင်သေးကြောင်း အသိပေး ထုတ်ပြန်ထားသည်။

 

၎င်း EPS စာမေးပွဲဖြေဆိုခွင့်ကို ဇူလိုင် (၇)ရက်မှ (၂၃)ရက်အထိ အွန်လိုင်းက လျှောက်ထားခွင့်ပြုခဲ့ကြောင်း၊ အွန်လိုင်းမှ လျှောက်ထားသည့်စနစ်ကို ပထမဆုံးကျင့်သုံးခဲ့ခြင်းဖြစ်ပြီး အစောပိုင်းရက်များတွင် နည်းပညာချို့ယွင်းမှုကြောင့် အဆင်မပြေမှုများရှိခဲ့ကြောင်း သိရသည်။

 

ယင်းအပြင် သတ်မှတ်ရက်အတွင်း ဖြေဆိုခွင့်လျှောက်လွှာ ၃၇,၀၀၀ ကျော်ကိုလက်ခံရရှိခဲ့ပြီး ၎င်းလျှောက်လွှာများကို စီစစ်နေခြင်းဖြစ်ကြောင်း EPSစာမေးပွဲကို သြဂုတ်လတွင်စတင်ပြုလုပ်မည်ဖြစ်ပြီး ဖြေဆိုခွင့်ရရှိသူ၏ ခုံနံပါတ်၊ ဖြေဆိုရမည့်နေရာများကို အမြန်ဆုံးထုတ်ပြန်ပေးမည်ဖြစ်ကြောင်း POEA က ထုတ်ပြန်ထားသည်။

 

ymg/sth
#Yangon_Media_Group