Published 4 August 2022

နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)မှ ဒုတိယဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်း ဦးဆောင်သည့် ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့သည် ဩဂုတ်(၄)ရက် ယနေ့တွင် နေပြည်တော် တွေ့ဆုံ၍ ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့ကြတယ်လို့သိရှိရပါတယ်။

အဆိုပါ ငြိမ်းချမ်း​​ရေးကိုယ်စားလှယ်ဖွဲ့ဟာ  အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီ အဖွဲ့နှင့် ဆက်လက်တွေ့ဆုံဆွေးနွေးကြမှာလည်းဖြစ်ပါတယ်။

တစ်နိုင်ငံလုံးထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် လက်နက်ကိုင်ပဋိပက္ခချုပ်ငြိမ်းရေးတို့ကိုရည်ရွယ်၍ ဧပြီ ၂၂ ရက်တွင် နစက ဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများနှင့် တွေ့ဆုံဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့ရာမှ ရှမ်းပြည်တိုးတက်ရေးပါတီ  SSPPဟာ ၁၀ဖွဲ့မြောက်တွေ့ဆုံဆွေးနွေးခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

#Senior_General_Min_Aung_Hlaing

#SSPP
#Myanmar_NCA