Published: 3 August 2022

ရုရှား-မြန်မာ စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်အစည်းအဝေးတစ်ရပ်ကို ယခုဩဂုတ်လအတွင်း ကျင်းပသွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ကပြောပါတယ်။

“ ကျွန်တော်တို့ဟာ မိတ်ဟောင်းဆွေဟောင်းတွေနှင့် မဟာဗျူဟာမြောက်မိတ်ဖက်တွေအဖြစ်  အမြဲဆက်သွယ်ခဲ့ကြပါတယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးက ဗိုလ်ချူပ်မှူးကြီးမင်းအောင်လှိုင်ကို ပြောခဲ့တယ်လို့ TASSသတင်းမှာဖော်ပြထားပါတယ်။

“ ကျွန်တော်တို့ထိတွေ့ဆက်ဆံမှုဟာ ထက်သန်စွာ ဖွံ့ဖြိုးတိုးတက်နေပါတယ်။ နှစ်နိုင်ငံအစိုးရများအကြား ကုန်သွယ်ရေးနှင့် စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကော်မရှင်ရဲ့ အစည်းအဝေးကို မြန်မာနိုင်ငံမှာကျင်းပပါမယ်။ ဒီလကုန်မှာ စစ်ရေး နည်းပညာ ပူးပေါင်းဆောင်ရွက်ရေးကော်မရှင်အစည်းအဝေးကို စီစဉ်ထားတဲ့အတိုင်း ရုရှားမှာ ကျင်းပပါမယ်။ စွမ်းအင်ဆိုင်ရာ လုပ်ငန်းအဖွဲ့တစ်ခုကိုလည်း တည်ထောင်ပြီးပါပြီ။အဲဒါကြောင့် ကျွန်တော်တို့ရဲ့ ဆက်ဆံရေးမှာ ပိုပြီး အကျိုးရှိရှိ တိုးတက်နေပါတယ်” လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ပြောခဲ့ပါတယ်။

စစ်ရေးနှင့်စစ်ရေးနည်းပညာပူးပေါင်းဆောင်ရွက်ရေး ပြီးတော့ လုံခြုံရေးဟာ မော်စကိုနှင့် နေပြည်တော်အကြား ဆက်ဆံရေး  ဖွဲ့စည်းတည်ဆောက်မှုမှာ အရေးကြီးတဲ့နေရာမှာ  ရှိနေတယ်လို့လည်း သူကပြောပါတယ်။

Source: TASS

#Russia_Myanmar

#Sergey_Lavrov

#Russia_Myanmar_Military_Tie