#Local_News
Published_ 3 Aug 2022

 

နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဖိတ်ခေါ်မှုအရ ငြိမ်းချမ်းရေး ဆွေးနွေးရန် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) မှ ဒုတိယဥက္ကဋ္ဌ(၁) စဝ်ခေးတိုင်း ဦးဆောင်သော ငြိမ်းချမ်းရေးကိုယ်စားလှယ်အဖွဲ့ဟာ ဩဂုတ်လ (၃) ရက် ဒီကနေ့ နံနက်ပိုင်းတွင် နေပြည်တော်သို့ ရောက်ရှိလာကြောင်း သိရပါတယ်။

 

အဆိုပါ ငြိမ်းချမ်းရေးကိုယ်စားလှယ်ဖွဲ့အား အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီအဖွဲ့ဝင်နှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့ကြသည်။

 

နစကနှင့် ငြိမ်းချမ်းရေးဆွေးနွေးမှုများ လုပ်ဆောင်ထားပြီးဖြစ်သော အဖွဲ့များမှာ RCSS၊ NMSP၊ KNU/KNLA -PC၊ UWS A၊ NDAA၊ ALP၊ PNLO၊ DKBA အဖွဲ့တို့ ဖြစ်ကြပြီး ဒုတိယအကြိမ်တွေ့ဆုံမှုကို ဆက်လက်လုပ်ဆောင်သွားမှာဖြစ်ကြောင်း နစကရဲ့ သတင်းထုတ်ပြန်မှုအရ သိရပါတယ်။

 

ygm_mnn
#Yangon_Media_Group