#Local_News
Published_3 August 2022

 

ထိုင်းနိုင်ငံ ရနောင်းမြို့သို့ သွားရောက်လည်ပတ်သူများအား နယ်စပ်ဖြတ်သန်းခွင့် လက်မှတ်ဖြင့် တစ်ပတ်နေထိုင်ခွင့်ကို သြဂုတ်လ ၂ ရက်ကစ၍ ထိုင်းနိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာနက ခွင့်ပြုလိုက်သည်။

 

"Border Pass နဲ့ ၆ ည အိပ် ၇ရက်အထိ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ အရင်ကဆိုရင် ၃ ရက်ပဲ ရတယ်လေ၊ ဘယ်ကိစ္စကြောင့် သွားတာပဲ ဖြစ်ပါစေ ရက်တိုးလိုက်တော့ ပိုပြီး အဆင်ပြေတာပေါ့"ဟု ကော့သောင်းဒေသခံတစ်ဦးက ဆိုသည်။

 

ယင်းအပြင် Temporary Border Pass(ယာယီနယ်စပ်ဖြတ်သန်းခွင့် လက်မှတ်)ကိုလည်း ယခင်က ၂ ညအိပ် ၃ရက်မှ ယခု ၆ ညအိပ် ၇ရက် နေထိုင်ခွင့်ပြုလိုက်ကြောင်း သိရသည်။

 

ကိုဗစ် - ၁၉ ကပ်ရောဂါစတင်ဖြစ်ပွားချိန်ကစ၍ ၂နှစ်ကျော်ကြာ ပိတ်ထားခဲ့သော ကော့သောင်း-ရနောင်းနယ်စပ် ဂိတ်ကို ပြီးခဲ့သည့် ဇွန်လ ၁ ရက်တွင် ပြန်လည် ဖွင့်လှစ်ခဲ့ခြင်း ဖြစ်သည်။

 

ymg/mt
#Yangon_Media_Group