Published 2 August 2022

ရုရှားနိုင်ငံခြားရေး ဝန်ကြီး မစ္စတာဆာဂေးလက်ဗရော့သည် ဩဂုတ်လ(၃)ရက်နေ့မှာ  မြန်မာနိုင်ငံသို့ အလုပ်သဘောလာရောက်မယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ယင်းရဲ့ တရားဝင်တွစ်တာ စာမျက်နှာမှာ သတင်းထုတ်ပြန်ထားပါတယ်။

သူဟာ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်နှင့်တွေ့ဆုံပြီး နိုင်ငံခေါင်းဆောင်တွေနှင့်လည်း တွေ့ဆုံမယ်လို့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ သူဟာ ရုရှား-မြန်မာဆက်ဆံရေးမှာ ကျယ်ပြန်တဲ့နယ်ပယ်တစ်ခုလုံးအတွက် အနာဂတ်ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးကြမှာဖြစ်တယ်လို့လည်း သတင်းအရသိရပါတယ်။

သူဟာ ၂၀၁၃ခုနှစ် ဇန်နဝါရီလမှာ မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး အဲဒီတုန်းက သမ္မတ ဦးသိန်းစိန်နှင့်လည်းတွေ့ဆုံခဲ့ပါတယ်။

Source: Ministry of Foreign Affair, Russia’s Twitter