#Local_News
Published_1 August 2022

 

အိမ်ထောင်စု လူဦးရေ စာရင်းပြုစုခြင်းကို လုပ်ဆောင်လျက်ရှိရာ တစ်နိုင်ငံလုံးတွင် မြို့နယ်ပေါင်း ၂၉၈ မြို့နယ်ပြီးစီးပြီဖြစ်ကြောင်း နစက သတင်းထုတ်ပြန်ရေးအဖွဲ့က ယနေ့ ဇူလိုက်လ ၃၁ ရက်က ထုတ်ပြန်ထားသည်။

 

ရှေ့ပြေးလုပ်ငန်းစီမံချက် အခြေခံမဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရန် အတွက် မြေပြင်လူဦးရေ စာရင်းနှင့် တိုက်ဆိုင်စစ်ဆေးခြင်း လုပ်ငန်းစီမံချက်(Pilot Project)ကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၄ ရက်မှ စတင်ဆောင်ရွက်လျက်ရှိပြီး ဇူလိုင်လ ၂၅ ရက်အထိ မြို့နယ် ၂၉၈ မြို့နယ် ဆောင်ရွက်ပြီးစီး၍ မြို့နယ် ၁၄ မြို့နယ်တွင် ဆောင်ရွက်ဆဲဖြစ်ပြီး မြို့နယ် ၁၃ မြို့နယ်မှာ ဆောင်ရွက်ရန်ကျန်ရှိ နေသေးကြောင်းလည်း သိရသည်။

 

ဆောင်ရွက်ရန်ကျန်ရှိသည့် မြို့နယ်များအတွင်း နယ်မြေအေးချမ်းမှုမရှိသည့် ကယားပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်းနှင့် မကွေးတိုင်းဒေသကြီးတို့ရှိ မြို့နယ်များ ဖြစ်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

 

ယင်းလုပ်ငန်းစဉ်မှာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများအနေဖြင့် မြိုနယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနများရှိ အိမ်ထောင်စု လူဦးရေ စာရင်း ပုံစံ(၆၆/၆)ကို အခြေခံပြုစုထားသည့်စာရင်းများနှင့် မြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၏ ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် မြေပြင်လူဦးရေစာရင်းနှင့် တိုက်ဆိုင် စစ်ဆေးခြင်းပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။

 

ymg/mt
#Yangon_Media_group