#Local_News
Published - 25 July 2022

 

အသက်ဂုဏ်ဝါကြီးပြီး နာမည်ဂုဏ်သတင်းကျော် ကြားသည့်မြန်မာကာတွန်းဆရာကြီးများအား ယခုဇူလိုင်လအတွင်း ဂါဝရပြုကန်တော့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်၊၊

 

ယခင်က အသက်ဂုဏ်ဝါကြီးသည့် မြန်မာကာတွန်းဆရာကြီးများကို မြန်မာနိုင်ငံကာတွန်းဆရာများ အသင်းအနေဖြင့် နှစ်စဉ် ဂါဝရပြုကန်တော့လေ့ရှိပြီး ကိုဗစ်ကပ်ရောဂါဖြစ်ပွားမှုများကြောင့် ဂါဝရပြုကန်တော့ပွဲအခမ်းအနားများ ပြုလုပ်နိုင်ခြင်းမရှိခဲ့ပေ၊၊

 

ယခုနှစ်တွင်လည်း ကိုဗစ်ဖြစ်ပွားမှုကျန်ရှိနေသေးသည့်အတွက် အခမ်းအနားမလုပ်တော့ဘဲ အသက်ဂုဏ်ဝါကြီးသည့် မြန်မာကာတွန်း ဆရာကြီး(၁၄)ဦးအား ကန်တော့ပစ္စည်းများကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးပြီး ဂါဝရပြုကန်တော့သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှ တာဝန်ရှိသူတစ်ဦးက YMG ကို ပြောသည်၊၊

 

"ကာတွန်းဆရာကြီး(၁၄)ဦးကို ဂါဝရပြုကန်တော့ဖို့ ရှိပါတယ်၊၊ ကန်တော့ပစ္စည်းများကို အိမ်တိုင်ရာရောက် ပို့ဆောင်ပေးပြီး ဂါဝရပြုကန်တော့သွားမှာပါ၊၊ အလှူငွေတွေလည်းလက်ခံနေပါတယ်၊၊ အခုလအတွင်း ဂါဝရပြုကန်တော့နိုင်အောင် ဆောင်ရွက်နေပါတယ်"ဟု
မြန်မာနိုင်ငံကာတွန်းဆရာများအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်၊၊

 

ကန်တော့ခံကာတွန်းဆရာကြီးများကတော့ ဦးမောင်မောင်၊ ဦးရွှေမင်းသား၊ ဦးချစ်ဆွေ၊ ဦးမြင့်သိန်း၊ ဦးတင်အောင်နီ၊ ဦးအောင်အောင်၊ ဦးငွေကြည်၊ ဦးသန်းထွန်း၊ ဦးဖေစန်း၊ ဦးမောင်မောင်လေး၊ ဦးကျော်တင်မြင့်သစ်၊ ဦးသစ်ထွဏ်း၊ ဦးဗချီ၊ ဦးအကိန်းတို့ကို ဂါဝရပြုကန်တော့မည်ဖြစ်ကြောင်းသိရသည်၊၊

 

ymg/tthl
#Yangon_Media_Group