#Local_News

Published 25 July 2022

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)တာချီလိတ်မြို့ မြန်မာ- ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားပေါ်မှ နေ့စဉ်ကုန်တင်ယာဉ်မောင်းများအား(covid-19)ကာကွယ်ဆေး တတိယအကြိမ်ထိုးနှံပေးခြင်းကိုယမန်နေ့နံနက် ၁၀ နာရီ အချိန်က ခရိုင်ဆေးရုံအုပ်ကြီးဒေါက်တာဝင်နိုင်ဦးစီးပြီးကျန်းမာရေးဝန်ထမ်းများက ထိုးနှံပေးခဲ့ကြောင်းသိရသည်။

 

နှစ်နိုင်ငံသဘောညီမှုအရ တတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးသူများသာ တံတားပေါ်တွင် ဖြတ်သန်းမောင်းနှင်ခွင့်ပြုသဖြင့် ယခုကဲ့သို့ မြန်မာယာဉ်မောင်းများကိုထိုးနှံပေးခြင်းဖြစ်ကြောင်း သိရပြီး ယာဉ်မောင်း (၇၀)ဦးကျော်ကို ထိုးနှံပေးခဲ့ကြောင်း သိရှိရသည်။

-ymg/ys-tcl
#Yangon_Media_Group