#Local_News
Published _ 20 July 2022

 

ပြည်တွင်းစက်သုံးဆီဈေးနှုန်းများဟာ ဇူလိုင်လအတွင်း အတက်အကျမြန်ဆန်စွာဖြစ်ပေါ်ခဲ့ပြီး ၉၂ တစ်လီတာကို ကျပ် ၁၇၀၀ အထိ ကျဆင်းသွားခဲ့ကာ အကျဈေးဟာ ရက်ပိုင်းသာကြာခဲ့ပြီး ယနေ့ ဇူလိုင်လ ၂၀ ရက်မှာ တစ်လီတာကို ၁၈၀၀ ကျပ် ပြန်တက်နေကြောင်း စက်သုံးဆီကြီးကြပ်ရေးကော်မတီမှ ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများအရ သိရသည်။

 

စက်သုံးကြီးကြပ်ရေးကော်မတီက ထုတ်ပြန်သည့် ရည်ညွှန်းဈေးနှုန်းများအရ ဇူလိုင်လ ၁၆ရက်မှာ ၉၂ တစ်လီတာကို ကျပ် ၁၇၀၀ အထိ ကျဆင်းခဲ့ပြီး ဧပြီလနောက်ပိုင်းထုတ်ပြန်ခဲ့သည့် စက်သုံးဆီအနိမ့်ဆုံး ဈေးနှုန်းတစ်ခုဖြစ်ခဲ့ကြောင်း သိရသည်။

 

စက်သုံးဆီဈေးဟာ ရက်ပိုင်းပဲကျဆင်းခဲ့ပြီး ယနေ့ ၄ ရက်မြောက်နေ့တွင် ၉၂ တစ်လီတာကို ၁၈၀၀ကျပ်၊ ၉၅တစ်လီတာကို ၁၈၆၅ ကျပ်ဖြစ်ပေါ်ခဲ့၍ လေးရက်အတွင်း ၁၀၀ကျပ် ပြန်တက်လာပြီး ဒီဇယ်ဈေးအနေဖြင့် ကျပ် ၂၁၀၀ကနေ ၂၂၀၀ကျပ် ဝန်းကျင်ဈေးနှုန်းမှာဘဲ တည်ငြိမ်နေခြင်းဖြစ်သည်။

 

စက်သုံးဆီကြီးကြပ်ရေး ကော်မတီရဲ့ထုတ်ပြန်ချက်အရ ဇူလိုင်လအတွင်း စက်သုံးဆီဈေးနှုန်းဟာ အတက်အကျ မြန်နေခဲ့ပြီး ဇူလိုင်လ ၇ရကမှစတင်၍ ကျပ်၂၀၀၀ အောက် ကျဆင်းခဲ့ကာ ဇူလိုင်လ ၁၅ရက်မှာ ကျပ် ၁၈၀၀ အောက်၊ ၁၆ရက်မှာ ကျပ် ၁၇၀၀ အောက်မှာ ရှိနေခဲ့ကာ ယနေ့ ဇူလိုင်လ ၂၀ရက်၌ တစ်လီတာကို ၁၈၀၀ပြန်ရောက်ရှိနေပြီး တက်မည့်အရိပ်ယောင်မြင်နေရကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group