#Local_News
Published _ 20 July 2022

 

မြန်မာ-တရုတ် နှစ်နိုင်ငံ ခရီးသွားလာရေးမြှင့်တင်ရန် မြန်မာ့ယဉ်ကျေးမှုနှင့် ထွက်ကုန်ပြပွဲကို ပေကျင်းမြို့၌ ယမန်နေ့က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

တရုတ်နိုင်ငံ ပေကျင်းမြို့ မြန်မာသံရုံးအနေဖြင့် မြန်မာနှင့် တရုတ်နိုင်ငံတို့အကြားတွင် ပြည်သူများအကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုမြှင့်တင်ရန်၊ မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုကို တရုတ်ပြည်သူများ နားလည်နိုင်စေရန်နှင့် ခရီးသွားလာရေးကဏ္ဍအား မြှင့်တင်ရန် မြန်မာ့ထွက်ကုန်များကို တရုတ်နိုင်ငံ ဈေးကွက်တွင် ပိုမိုတိုးချဲ့ထိုးဖောက်နိုင်စေရန် ရည်ရွယ်ပြီး မြန်မာ့ယဉ်ကျေးမှုနှင့် ထွက်ကုန်ပြပွဲ အခမ်းအနား (Myanmar Culture and Product Shows)ကို ပေကျင်းမြို့တွင် ဇူလိုင်လ ၁၈ ရက်က ကျင်းပခဲ့သည်။

 

ယင်းပြပွဲတွင် မြန်မာ့ယဉ်ကျေးမှုနှင့် မြန်မာ့ထွက်ကုန်များဖြစ်ကြသည့် ကျောက်စိမ်း၊ ရွှေပုလဲ၊ ကော်ဖီ၊ မြန်မာ့လက်ဖက်ရည်၊ မြန်မာ့အဖျော်ယာမကာ၊ မြန်မာ့စိုက်ပျိုးရေးထွက်ကုန်များ၊ မြန်မာ့ယဉ်ကျေးမှုအနုပညာလက်ရာမျိုးစုံဖြစ်သည့် ယွန်းထည်များ၊ ရေထွက်ကုန်များအား ခင်းကျင်းပြသခဲ့ကြောင်း သိရသည်။

 

အခမ်းအနားကို တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန၊ သံတမန်အသိုင်းအဝိုင်း၊ မြန်မာနိုင်ငံနှင့်ကုန်သွယ်စီးပွားရေးလုပ်ကိုင်ရန် စိတ်ပါဝင်စားသည့် တရုတ်နိုင်ငံမှ စီးပွားရေးလုပ်ငန်းရှင်းများလည်း တက်ရောက်ခဲ့ကြသည်။

 

ymg/NN
#Yangon_Media_Group