#Local_News
Published _ 18 July 2022

 

ပြည်ပအလုပ်အကိုင်အလုပ်သမား သတ်သေခံကတ်(OWIC)မှာ တစ်ရက်လျင် အလုပ်သမားဦးရေ ၁,၀၀၀ကျော်ကို ထုတ်ပေးကြောင်း အလုပ်သမား ညွန်ကြားရေးဦးစီးဌာနထံမှ သိရသည်။

 

OWICကတ်ကို တနင်္လာမှ စနေအထိနေ့စဉ် ဒဂုံမြို့သစ်(မြောက်ပိုင်း)၊ပင်လုံခန်းမမှာ ပြုလုပ်ထုတ်ပေးနေပွီး လက်ရှိတွင် တစ်ရက်ကို ထိုင်းနိုင်ငံသွားမည့်အလုပ်သမား ၈၀၀ဦး၊ အခြားနိုင်ငံများထံသွားမည့် အလုပ်သမား ၂၀၀ဦး၊ အေဂျင်စီနှင့်မဟုတ်ဘဲ မိမိအစီစဉ်ဖြင့် ပြည်ပသွားရောက်လုပ်ကိုင်မည့် အလုပ်သမား ၁၀၀ဦးအတွက် ထုတ်ပေးနေကြောင်း အဆိုပါဌာနမှ သိရသည်။

 

"နေ့စဉ်အရေအတွက် ပြည့်မီအောင်တော့ဆောင်ရွက်ပေးနေတယ်။ အလုပ်သမားတွေကိုယ်တိုင် လျှောက်ထားဖို့ပြောချင်တယ်"ဟု အဆိုပါဌာနတာဝန်ရှိသူ တစ်ဦးက ဆိုသည်။

 

OWICကတ်ကို ၂၀၂၁ ကုန်ပိုင်းမှစ၍ ပြန်လည်ထုတ်ပေးနေပြီး ပြည်ပကိုသွား ရောက်အလုပ်လုပ်ကိုင်မည့်သူများနှင့် နိုင်ငံကူးလက်မှတ် အမျိုးအစားPJ( Passport for Job)ကိုင်ဆောင်ထားသူများအနေဖြင့် OWICကတ်ရှိမှသာ ပြည်ပထွက်ခွင့်ပြုကြောင်း သိရသည်။

 

လက်ရှိအချိန်ထိ အလုပ်သမားသိန်းနှင့်ချီပြီး OWICကတ်ထုတ်ထား ကြပြီဖြစ်သည်။

 

ymg/NN
#Yangon_Media_Group