#Local_News
Published - 18 July 2022

 

၂၀၂၂ခုနှစ်ဇန်နဝါရီလမှ ဇွန်လအထိ ယူနန်ပြည်နယ်နှင့် မဲခေါင်မြစ်ဝှမ်းဒေသနိုင်ငံများ စုစုပေါင်းလျှပ်စစ်တင်သွင်းတင်ပို့သည့် ကုန်သွယ်မှုပမာဏပေါင်း (၁.၄၃)ဘီလီယံ kWh ရှိပြီး ယမန်နှစ်ကာလတူထက် (၅၉.၂၄)% မြင့်တက်ခဲ့ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကထုတ်ပြန်လိုက်သည်၊၊

 

၎င်းတို့အနက် တင်ပို့သည့်လျှပ်စစ်ပမာဏပေါင်း (၇၀၅)သန်း kWh ရှိပြီး ယမန်နှစ်ကာလတူထက် ၁ ဆတိုးတက်လာခဲ့ကြောင်းဖော်ပြထားသည်၊၊

 

တင်သွင်းသည့် လျှပ်စစ်ပမာဏပေါင်း (၇၂၆)သန်း kWh ရှိကာ ယမန်နှစ်ကာလတူထက် (၃၂.၆)% တိုးတက်လာခဲ့ခြင်းဖြစ်သည်၊၊

 

China Southern Power Grid Co., Ltdသည် ယူနန်ပြည်နယ်နှင့် ဗီယက်နမ်၊ လာအို၊ မြန်မာနိုင်ငံလျှပ်စစ်ကွန်ရက်တို့ အစိတ်အပိုင်းလိုက်အပြန်အလှန်ချိတ်ဆက်သော နိုင်ငံဖြတ်ကျော် လျှပ်စစ်ပို့လွှတ်သည့်လမ်းကြောင်းမှတစ်ဆင့် အနီးတဝိုက်နိုင်ငံများ၏ လျှပ်စစ်တင်သွင်းတင်ပို့မှု လိုအပ်ချက်ဖြည့်ဆည်းပေးကာ ဒေသတွင်း စီးပွားရေး ပူးပေါင်းဖွံ့ဖြိုးတိုးတက်မှုနှင့် ပြည်သူလူနေဘဝ လျှပ်စစ်အသုံးပြုမှုကို ထောက်ပံ့ပေး၍ နိုင်ငံဖြတ်ကျော်လျှပ်စစ်ကုန်သွယ်ရေး တည်ငြိမ်စွာတိုးတက်လာမှုဖော်ဆောင်ပြီး အပြန်အလှန်ချိတ်ဆက်မှုအား စဉ်ဆက်မပြတ် အကောင်အထည်ဖော်လျက်ရှိသည်ဟု ဆိုသည်၊၊

 

စာရင်းများအရ China Southern Power Grid Co., Ltd သည် ၂၀၁၄ ခုနှစ်တွင် မဲခေါင်မြစ်ဝှမ်းဒေသလျှပ်စစ်ကွန်ရက်များနှင့် ကုန်သွယ်ရေးစတင်လာကတည်းက ဇွန်လ ၃၀ ရက်နေ့အထိ နိုင်ငံဖြတ်ကျော် လျှပ်စစ်ကုန်သွယ်မှုပမာဏပေါင်း ၆၅.၅ ဘီလီယံ kWh ဖော်ဆောင်ခဲ့ပြီးဖြစ်သည်။ ၎င်းတို့အနက် သန့်ရှင်းစွမ်းအင်ပါဝင်မှုသည် ၉၀% ထက်ကျော်လွန်ပြီး သန့်ရှင်းစွမ်းအင် ဒေသဖြတ်ကျော်ကောင်းမွန်စွာခွဲဝေပေးမှုအား မြှင့်တင်လိုက်ကြောင်း သိရသည်၊၊

 

ymg/tthl
#Yangon_Media_Group