#LocalNews
Published - 17 July 202

 

ယနေ့(ဇူလိုင် ၁၇) ရက်မှစတင်ပြီး မြို့နယ် ၁၁ ခုတွင် သတ်မှတ်ရည်ညွှန်းစျေးဖြင့် စားအုန်းဆီရောင်းချပေးသွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းမှ သိရသည်။

 

မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းနှင့် စားသုံးဆီတင်သွင်းသော ကုမ္ပဏီများမှ ပူးပေါင်း၍ စားသုံးသူပြည်သူများသို့ အရောင်းဈေးကားများဖြင့် စားသုံးဆီများကို တိုက်ရိုက်ရောင်းချပေးသွားမည်ဖြစ်သည်။

 

ကနဦးရောင်းချပေးသွားမည့် မြို့နယ်များမှာ လှိုင်သာယာ၊ အင်းစိန်၊ မြောက်ဥက္ကလာ၊ ရွှေပြည်သာ၊ သာကေတ၊ လှည်းကူး၊ မှော်ဘီ၊ ဒဂုံအရှေ့၊ ဒဂုံ မြောက်၊ စမ်းချောင်းနှင့် လှိုင်မြို့နယ်တို့ဖြစ်ကြောင်း သိရသည်။

 

ယင်းအပြင် ရောင်းချမှုပုံစံမှာ အပတ်စဉ်ပြောင်းလဲသွားသော သတ်မှတ်ရည်ညွှန်းဈေးနှုန်းဖြင့် စဉ်ဆက်မပြတ်ရောင်းချပေးသွားမည်ဖြစ်ပြီး ကျန်ရှိသည့် မြို့နယ်များကိုလည်း နောက်ရက်များတွင် ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်းသိရသည်။

 

ဇူလိုင် ၁၁ ရက်မှ ၁၇ ရက်အထိ အခြေခံလက်ကားရည်ညွှန်းဈေးနှုန်းမှာ တစ်ပိဿာလျှင် ၄၆၅၀ ကျပ်အဖြစ် သတ်မှတ်ထုတ်ပြန်ထားခြင်းဖြစ်သည်။

 

ymg/sth
#Yangon_Media_Group