#Local_News
Published_ 15 July 2022

 

သီလဝါအထူးစီးပွားရေးဇုန်၌လက်ရှိတွင်ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁၇၂ ဘီလီယံရှိပြီး နိုင်ငံဒေသပေါင်း ၂၀ မှ လာရောက်လုပ်ငန်း လုပ်ကိုင်လျက်ရှိပြီး ကဏ္ဍအလိုက်ရင်းနှီးမြှုပ်နှံမှု အရေအတွက်မှာ ၁၂၂ ခု ခန့်ရှိကြောင်း ၂၀၂၂ ခုနှစ် စာရင်းများအရ သိရှိရပါတယ်။

 

အဆိုပါနေရာများတွင် စက်ရုံအလုပ်သမားဦးရေ ၁၂၆၀၀ ဦး၊ ဆောက်လုပ်ရေး အလုပ်သမား ၂၅၀၀၀ ဝန်းကျင်တို့ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိထားကြပါတယ်။

 

မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် အကြီးဆုံးသော သီလဝါအထူးစီးပွားရေးဇုန်၌ ရင်းနှီးမြှုပ်နှံမှု အသစ်များ ထပ်မံဖိတ်ခေါ်ထားကြောင်း သီလဝါအထူး စီးပွားရေးဇုန်မှ သိရှိရပါသည်။

 

သီလဝါအထူးစီးပွားရေးဇုန်သည် ၂၀၁၅ ခုနှစ် စက်တင်ဘာလက စတင်လည်ပတ်ခဲ့ကာ ပထမဦးဆုံး နိုင်ငံတကာအဆင့်မီ အထူးစီးပွားရေးဇုန် ဖြစ်ပြီး မြန်မာ-ဂျပန် သီလဝါ ဖွံ့ဖြိုးတိုးတက်ရေး ကုမ္ပဏီလီမိတက်အဖြစ် မြန်မာ၊ ဂျပန်အစိုးရများ၊ မြန်မာနှင့် ဂျပန်ပုဂ္ဂလိကကုမ္ပဏီများက အကျိုးတူ ပူးပေါင်းဖော်ဆောင်ထားခြင်းဖြစ်ပါတယ်။

 

သီလဝါအထူးစီးပွားရေးဇုန်၌ ဂျပန်၊ ကိုရီးယား၊ ထိုင်း၊ ဗီယက်နမ်၊ ဘရူနိုင်း ၊ တရုတ်၊ ယူအေအီး၊ မလေးရှား၊ စင်ကာပူ၊ ဩစတြေးလျ၊ ဒိန်းမတ်၊ နယ်သာလန်၊ ဩစတြီးယား၊ ဆွစ်ဇာလန်၊ ယူနိုက်တက်ကင်းဒမ်း၊ ပနားမား၊ ပြင်သစ် အစရှိသည့်နိုင်ငံများမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် ထိုင်ဝမ် (တရုတ် တိုင်ပေ) နှင့် ဟောင်ကောင်တို့မှ စီးပွားရေး လုပ်ငန်းရှင်များက ရင်းနှီးမြှုပ်နှံလျက်ရှိပါတယ်။

 

ဇုန်အလိုက် ရင်းနှီးမြှုပ်နှံမှုများတွင် စက်မှုဇုန်ဧရိယာအတွင်းရှိ လုပ်ငန်း မြှင့်တင်ရေး ဇုန်၌ လုပ်ငန်း ၇၂ ခု၊ ရင်းနှီး မြှုပ်နှံမှုပမာဏ ဒေါ်လာ ၁၆၂၉ ဒသမ ၉၆၉ သန်း၊ ကင်းလွတ်ဇုန်၌ လုပ်ငန်း ၄၆ ခု ရင်းနှီးမြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၄၉၆ ဒသမ ၈၃၃ သန်း ရှိခဲ့ပြီး ဆောင်ရွက်ဆဲလုပ်ငန်း ၁၁၆ ခု ခန့်ရှိပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၂၁၁၂ ဒသမ ၉၀၂ သန်း ခန့်ရှိကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ စာရင်းဇယားများအရ သိရှိရပါတယ်။

 

ymg-mnn
#Yangon_Media_Group