#LocalNews
Published - 12 July 2022

 

ရထားစီးသူခရီးသည် တိုးတက်များပြားလာသည့်အတွက် အမြန်ရထားများထပ်တိုးပြေးဆွဲပေးနေရကြောင်း မြန်မာ့မီးရထားမှ သိရသည်။

 

ရန်ကုန်-မန္တလေး လမ်းပိုင်းတွင် ရန်ကုန်မှ မန္တလေး၊ မန္တလေးမှ ရန်ကုန် အမြန်ရထားနှစ်စင်းကို ဇူလိုင်လ ၁၀ ရက်မှ စတင်ပြီး၍ ထပ်တိုးပြေးဆွဲပေးခဲ့ကြောင်း သိရသည်။

 

ယင်းအပြင် လာမည့် ဇူလိုင်လ ၂၅ ရက်တွင် ရန်ကုန် - မော်လမြိုင်လမ်းပိုင်းရှိ ရန်ကုန်မှ မော်လမြိုင်၊ မော်လမြိုင်မှ ရန်ကုန် အမြန်ရထား ၂ စင်း ထပ်တိုးပြေးဆွဲမည်ဖြစ်ကြောင်း၊ ဩဂုတ်လ ၂၀ ရက်တွင် ရန်ကုန်-ပြည်လမ်းပိုင်းရှိ ရန်ကုန်မှပြည်၊ အစုန်အဆန် ရထား ၂ စင်း ထပ်မံတိုးချဲ့ပြေးဆွဲမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် တစ်နိုင်ငံလုံးရှိ လူစီးကုန်တင်ရထား၊ စာပိုရထား၊အမြန်ရထားနှင့်မြို့ပတ်ရထား စုစုပေါင်း ၅၄ စင်း ပြေးဆွဲပေးလျက်ရှိကြောင်း မြန်မာ့မီးရထားမှ ထုတ်ပြန်ထားသည်။

 

ymg/sth
#Yangon_Media_Group