#Local_News
Published - 11 July 2022

 

ကိုဗစ်-၁၉ ရောဂါထပ်မံကူးစက်မှုမရှိစေရန်အတွက် ထပ်ဆောင်းကာကွယ်ဆေးကို မဖြစ်မ နေထိုးရန်လိုအပ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာသန်းနိုင်စိုးကပြောသည်။

 

"အဓိကတော့ ကာကွယ်ဆေးပဲပေါ့။ ထပ်ဆောင်းကာကွယ်ဆေးကို မဖြစ်မနေထိုးဖို ၁၈ နှစ်အထက်တွေ အားလုံးပေါ့။ ပြီးတော့ သူ့အုပ်စုအတိုင်း အကျုံးဝင်တဲ့သူတွေပေါ့ ၅ နှစ်ကနေ ၁၅ နှစ်အထိဆိုရင်လည်း အခြေခံပညာကျောင်းသားကျောင်းသူတွေပေါ့နော်။ ဘုန်းတော်ကြီးကျောင်း ပညာသင်တဲ့သူတွေ အားလုံးပါတာပေါ့။ ပညာရေးဝန်ကြီးဌာနရဲ့ လက်အောက်မှာရှိတဲ့ အခြေခံပညာကျောင်းတွေမှာ ထိုးပေးနေပြီ။ Booster လုံးတွေကိုလည်း ၁၈ နှစ်အထက်အကုန်ထိုးပေးနေပြီ။ ကာကွယ်ဆေးကမပျက်မကွက် ထိုးဖို့အရေးကြီးပါတယ်။ တစ်ကိုယ်ရည်ကာကွယ်ရေးနည်းလမ်းတွေကို ဆက်လုပ်ဖို့ လိုပါတယ်။ မျိုးပြောင်းက ပြည်ပနိုင်ငံကနေ ဝင်တာများတာပေါ့။ ပြည်ပကနေလာတယ်ဆိုတာကလည်း လမ်းကြောင်းအမျိုးမျိုးရှိတယ်။ အဲဒီအတွက်လည်း သတ်မှတ်ထားတာရှိတာပေါ့"ဟုယင်းကပြောသည်။

 

ယင်းအပြင် ကာကွယ်ဆေးအကြိမ်ပြည့် ထိုးနှံပြီးစီးသူ ၂၇၅၄၅၃၂၉ ဦးနှင့် ထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံပြီးစီးသူ ၂၄၀၄၈၀၂ ဦး ရှိပြီဖြစ်ကြောင်းလည်း သိရသည်။

 

ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပြီးစီးမှုအနေဖြင့် လက်ရှိအချိန်ထိ ၂၉ သန်းကျော် ထိုးနှံပြီးဖြစ်ကြောင်း သိရသည်။

 

အိမ်နီးချင်း ထိုင်းနိုင်ငံတွင်လည်း ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိသူ များပြားလာပြီး သေဆုံးသူများလည်းရှိလာကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group