#Local_News
Published _ 9 July 2022

 

မြန်မာနိုင်ငံမျက်မမြင်များအသင်း အနေဖြင့်အသင်းအနေဖြင့် မဟာဗျူဟာလုပ်ငန်း စီမံချက်များနှင့်အညီ ပြည်တွင်းရှိမျက်မမြင်အမျိုးသမီးများ အတွက် ပံ့ပိုးကူညီခြင်း၊ နိုင်ငံတကာအဖွဲ့အစည်းများ အရပ်ဖက်လူမှုဖွံ့ဖြိုးရေးအဖွဲ့အစည်းများ မိတ်ဖက်အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ မျက်မမြင်များ အသင်းသည် အမြင်အာရုံမသန်စွမ်းသူ အမျိုးသမီးများ အပါအဝင် အမျိုးသမီးများ အားလုံးအတွက် နေချင်စဖွယ်ကောင်း၍ အားလုံးအကျုံးဝင်ပါဝင်နိုင်သည့် မြန်မာ့လူ့ဘောင်အဖွဲ့အစည်းတစ်ရပ်ဖြစ်ထွန်းလာရန် ရည်ရွယ်ထားကြောင်း သိရသည်။

 

အထူးသဖြင့် အမြင်အာရုံမသန်စွမ်း အမျိုးသမီးများအတွက် လိုအပ်သော ပြန်လည်ထူ ထောင်ရေး လုပ်ငန်းစဉ်များနှင့် ပညာသင်ယူခွင့် သေချာစေရေးအတွက် လည်းကောင်း လူမှုဘဝနယ်ပယ် အသီးသီးတွင် အခြားနိုင်ငံသားများ နည်းတူပါဝင် ဆောင်ရွက်နိုင်ခွင့်များ တိုးမြင့်ရရှိနိုင်ရေးအတွက်လည်းကောင်း ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိတွင် အသင်း၏ဗဟိုအမှုဆောင်များ၊ ဝန်ထမ်းများနှင့် အသင်းသူ၊ အသင်းသားများမှ ကျရာကဏ္ဍမှ ဆောင်ရွက်လျက်ရှိပြီး ပူးပေါင်းဆောင်ရွက်လိုသည့် အဖွဲ့အစည်းများကိုလည်း ဖိတ်ခေါ်လျက်ရှိကြောင်း သိရသည်။

 

ymg/NN
#Yangon_Media_Group