#Local_News
Published_9 July 2022

 

ဧရာဝတီတိုင်းဒေသကြီး၏ မြို့တော်ပုသိမ်မြို့ရှိ စက်မှုမြို့တော်တွင် အမေရိကန်ဒေါ်လာ ၂ ဒသမ ၇၇၀ သန်း ရင်းနှီးမည်တည်သည့် အထည်ချုပ်စက်ရုံတစ်ခု စတင်လည်ပတ်ပြီဖြစ်ကြောင်း တိုင်းဒေသကြီးရင်းနှီးမြုပ်နှံမှုကော်မတီက သိရသည်။

 

ယင်းမှာ Shuang Xi(Pathein) Garment Co..,Ltd မှ လာရောက်ရင်းနှီးမြှုပ်နှံခြင်းဖြစ်ပြီး အထည်ချုပ်လုပ်ငန်းအတွက်ကုန်ကြမ်းပစ္စည်းများကို ပြည်ပမှ မှာယူတင်သွင်းကာ ကုန်ချောအဖြစ် JAKO - UHL.Sport အမှတ်တံဆိပ်
အဝတ်အထည်များ ထုတ်လုပ်၍ ပြည်ပနိုင်ငံများသို့ တင်ပိုရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

 

လက်ရှိစက်ရုံတွင်ပြည်ပနိုင်ငံသား(၃)ဦး၊ လုပ်သားဦးရေ ၄၆၈ ဦးဖြင့် လုပ်ကိုင်လျက်ရှိသော်လည်း စမ်းသပ်လည်ပတ်မှုနောက်ပိုင်းတွင် လုပ်သားအင်အား ၁၃၀၀ ကျော်ထိ ထပ်တိုးမြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

 

ymg/mt
#Yangon_Media_Group