#Local_News
Published - 9 July 2022

 

ထိုင်းနိုင်ငံသို့ မေလနှင့် ဇွန်လနှစ်လအတွင်း မြန်မာလုပ်သားတစ်သောင်းကျော် စေလွှတ်ခဲ့ကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာနမှ သိရသည်။

 

အဆိုပါ နှစ်လတာကာလအတွင်း ထိုင်းနိုင်ငံတွင် အလုပ်သွားရောက်လုပ်ကိုင်မည့် အမျိုးသား ၆၂၁၃ ဦးနှင့် အမျိုးသမီး ၄၆၀၅ ဦး စုစုပေါင်း ၁၀၈၁၈ ဦးအထိ စေလွှတ်ထားကြောင်း အလုပ်သမားညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ထားချက်အရ သိရသည်။

 

ထိုင်းနိုင်ငံသို့ သွားရောက်လုပ်ကိုင်မည့် မြန်မာလုပ်သားတွေကို မြဝတီ-မဲဆောက်လမ်းကြောင်း၊ ကော့သောင်း-ရနောင်း လမ်းကြောင်းတွေမှတစ်ဆင့် ပို့ဆောင်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

 

မြန်မာ - ထိုင်း နှစ်နိုင်ငံအကြား MoU စနစ်ဖြင့် အလုပ်သမား စေလွှတ်ခြင်းလုပ်ငန်းစဉ်ကို ကိုဗစ် ၁၉ ကပ် ရောဂါကာလအတွင်း ယာယီရပ်နားထားခဲ့ရာမှ နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်မှုဖြင့် ၂၀၂၂ခုနှစ် မေလ ၁၀ ရက် နေ့မှ စတင်ကာ ပြန်လည်စေလွှတ်ခဲ့ခြင်းဖြစ်သည်။

 

ထိုင်းနိုင်ငံသို့ တရားမဝင်သွားရောက်လုပ်ကိုင်သူများလည်းရှိနေပြီး အလုပ်သမားအခွင့်အရေး အပြည့်အဝမရရှိကြောင်း၊ MoU စနစ်ဖြင့် တရားဝင်သွား ရောက်လုပ်ကိုင်ပါက သက်ဆိုင်ရာနိုင်ငံတွင် စနစ်တကျ နေထိုင်အလုပ်လုပ်ကိုင်နိုင်ခြင်း၊ အလုပ်သမားများ၏ ရပိုင်ခွင့်နှင့် အခွင့်အ ရေးများ နစ်နာဆုံးရှုးမှုမရှိဘဲ ရသင့်ရထိုက်သည့် အခွင့်အရေးများရရှိခံစားနိုင်ခြင်း၊ သက်ဆိုင်ရာနိုင်ငံ၏ တည်ဆဲဥပဒေများနှင့်အညီ အကာအကွယ်ရရှိနိုင်ခြင်းစသည့် အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ymg/sth
#Yangon_Media_Group