#Local_News
Published_6 July 2022

 

ဒုရဲအုပ် အပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦး ဖားကန့်သို့တာဝန့်ပြောင်းရွှေ့စဉ် လမ်း၌ ပျောက်ဆုံးနေကြောင်း နစက က တာဝန်ရှိသူက ပြောသည်။

 

"ဟုတ်ပါတယ်။ မနေ့က ဇူလိုင် ၅ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်က သတင်းရပါတယ်။ ကာမိုင်းမြို့က ဒုရဲအုပ် ပါ ၇ ယောက်ပေါ့။ ဖားကန့်ကို ပြောင်းတာ ဖားကန့်ကို မရောက်ဘူး။ လမ်းမှာ အဆက်အသွယ် ပြတ်နေတယ်။ကျွန်တော်တို့ဖြစ်စဉ်ကို စုံစမ်းနေပါတယ်"ဟု နစက တာဝန်ရှိသူက ပြောသည်။

 

အဆိုပါ ဒုရဲအုပ်အပါအဝင် ရဲတပ်ဖွဲ့ဝင် ၇ ဦး အား ဇူလိုင်လ ၅ ရက် နံနက် ၁၁ နာရီချိန်ခန့်က ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် တံတားညီနောင်နှင့် ပျားလုံး စုပေါင်းဂိတ်ကြားတွင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ဖွဲ့က ဖမ်းဆီးသွားကြောင်း လူမှုကွန်ရက်ပေါ်တွင် ထွက်ပေါ်နေသော သတင်းများအရ သိရသည်။

 

ymg/mt
#Yangon_Media_Group