#Point_Of_View
Published - 5 July 2022

ယနေ့ ဇူလိုင်လ (၅)ရက် နံနက် ၇ နာရီ ၃၉ မိနစ်ခန့်က ရန်ကုန်တိုင်းဒေသကြီး လှိုင်မြို့နယ်၏ အရှေ့မြောက်ဘက် (၁)မိုင်ခန့်အကွာ (ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်-အနောက်တောင်ဘက် (၂) မိုင် ခန့်အကွာတွင် အနက် (၁၀) ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာစကေး (၃ ဒသမ ဝ) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တစ်ခု လှုပ်ရှားသွားခဲ့သည်။ ယင်းငလျင်လှုပ်ခတ်မှုကို ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အများစုက သိရှိခံစားခဲ့ကြရကြောင်း YMG က ဆက်သွယ်မေးမြန်းချက်အရ သိရသည်ကို ဖော်ပြအပ်ပါသည်။


#Yangon_Media_Group