#Local_News
Published_ 3 July 2022

အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E Mr Prak Sokhonn နှင့်အဖွဲ့သည် ဒီကနေ့ ဇူလိုင် ၃ ရက် နံနက်ပိုင်း တွင် ရွှေတိဂုံစေတီတော်သို့ လာရောက်ဖူးမြော်ခဲ့ပြီး အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရပါတယ်။

အထူးကိုယ်စားလှယ်နှင့်အဖွဲ့သည် ရင်ပြင်တော်အင်္ဂါထောင့် ဗောဓိညောင်ပင်အား ကြည့်ရှုခြင်း၊ တောင်ဘက်ဧည့်ခံတန်ဆောင်း၌ ဧည့်သည်တော်မှတ်တမ်းတွင် အမှတ်တရ လက်မှတ်ရေးထိုးခြင်း၊ စေတီတော်ကြီးအား ပန်း၊ရေချမ်း၊ဆီမီးများ ကပ်လှူပူဇော်ခြင်း များပြုလုပ်ခဲ့ပြီး ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ကိုယ်စား အလှည့်ကျသဘာပတိနှင့် ဂေါပကအဖွဲ့ဝင် (၂) ဉီးတို့က ဧည့်သည်တော်နှင့်အဖွဲ့အား ရွှေတိဂုံစေတီတော် အမှတ်တရ ဓါတ်ပုံနှင့် သမိုင်းမှတ်တမ်းစာအုပ်ကို အမှတ်တရလက်ဆောင် ပေးအပ်ခဲ့ပါတယ်။

ထို့နောက် ရင်ပြင်တော်တစ်ပတ် လှည့်လည်ကြည်ညိုခဲ့ကြပြီး အမှတ်တရ ဓါတ်ပုံရိုက်ကူးခြင်း၊ စေတီတော်ကြီးသို့ အလှူတော်ငွေ အမေရိကန်ဒေါ်လာ ၅၀၀ ကို ပေးအပ်လှူဒါန်းခဲ့တယ်လို့ ရွှေတိဂုံစေတီတော်ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။

 

ymg-mnn
#Yangon_Media_Group