Published 3 July 2022

မြန်မာနိုင်ငံမှာ ရောက်ရှိနေတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ် H.E Mr Prak Sokhonn နှင့်အဖွဲ့ဟာ  ယမန်နေ့ ဇူလိုင်(၂)ရက်နေ့ မွန်းလွဲပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံအမတ်ကြီး၊ အမေရိကန်သံအမတ်ကြီး၊ဥရောပသမဂ္ဂသံအမတ်ကြီးနှင့် ဩစတြေလျံသံရုံး သံရုံးယာယီတာဝန်ခံတို့ကို တွေ့ဆုံဆွေးနွေးခဲ့တယ်လို့  ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရသိရပါတယ်။

အစည်းအဝေးမှာ မြန်မာပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး အပါအဝင် အာဆီယံရဲ့ အချက်(၅)ချက်ပါ ဘုံသဘောတူညီချက်ကို အမြင်ချင်းဖလှယ်ခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

အသေးစိတ်ကိုတော့ ထုတ်ပြန်ထားခြင်းမရှိပါဘူး။