Published 2 July 2022

မြန်မာနိုင်ငံသို့ အလုပ်သဘောခရီးရောက်ရှိနေတဲ့ အာဆီယံအလှည့်ကျဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်၊ ကမ္ဘောဒီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ နိုင်ငံခြားရေးနှင့် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး မစ္စတာ PRAK Sokhonn  ဟာ ဒီကနေ့ ဇူလိုင်(၂)ရက် နံနက်ပိုင်းက ရန်ကုန်မြို့မှာ နိုင်ငံရေးပါတီ(၇)ခုမှ တာဝန်ရှိသူတွေနှင့် တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ သတင်းရရှိပါတယ်။

အထူးကိုယ်စားလှယ်နှင့်တွေ့ဆုံဖို့စီစဉ်ထားတဲ့ နိုင်ငံရေးပါတီတွေက   ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်၊  တအောင်း(ပလောင်) အမျိုးသားပါတီ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ်၊ရခိုင်အမျိုးသားပါတီ၊ ရခိုင်ဦးဆောင်ပါတီနှင့် မွန်ညီညွတ်ရေးပါတီတို့ဖြစ်ကြပါတယ်။

ရခိုင်ဦးဆောင်ပါတီ ဥက္ကဋ္ဌ ဒေါက်တာအေးမောင်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးသန်းဋ္ဌေးတို့ ကိုယ်တိုင်တက်ရောက်လာတာတွေ့ရတယ်လို့ သတင်းအရင်းအမြစ်တစ်ခုက YMG ကိုပြောပြပါတယ်။

တွေ့ဆုံမှုနှင့်ပတ်သက်လို့ နိုင်ငံရေးပါတီတွေက သတင်းထုတ်ပြန်ကြလိမ့်မယ်လို့ မျှော်လင့်ထားကြပါတယ်။

-ymg/knl